[Zawgyi]

Samsung က မိခင္ႏုိင္ငံ ေတာင္ကိုရီးယားမွာ Galaxy Fold ကို အေစာဆံုး ေရာင္းခ်ေပးခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အေမရိကန္မွာ ၀ယ္ယူႏုိင္ခဲ့ပါတယ္။ အိႏၵိယမွာလည္း ေရာင္းေပးထားၿပီး ၾသစေၾတးလ်နဲ႔ ယူေအအီးမွာ ႀကိဳတင္မွာယူႏုိင္ပါၿပီ။ အခုေတာ့ ဂ်ပန္မွာ အဲဒီ စြမ္းရည္ျမင့္ ေခါက္ခ်ိဳး ဖုန္းကို မၾကာခင္ ေရာင္းေပးေတာ့မွာ ျဖစ္ပါတယ္။

Domestic Carrier AU က ဂ်ပန္မွာ အဲဒီ ဖုန္းရဲ႕ 4G Version ကို ေရာင္းမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ AU ရဲ႕ ၀က္ဘ္ဆိုက္မွာ ဒီလ ၂၅ ရက္ေန႔မွာ စတင္ ေရာင္းေပးမွာပါ။ ေရာင္းမယ့္ ေစ်းကိုေတာ့ မသိရေသးပါဘူး။ အေရအတြက္ နည္းတဲ့အတြက္ ေတာင္ကိုရီးယားမွာပဲ အေစာဆံုးေရာင္းေပးခဲ့တာပါ။ ျမန္မာေငြ သိန္း ၃၀ ေလာက္ရွိေပမယ့္ ၀ယ္လိုအားမ်ားေနပါတယ္။

Galaxy Fold မွာ AMOLED Display ၂ ခု ပါပါတယ္။ ၇.၃ လက္မ Foldable Display နဲ႔ ၄.၆ လက္မ Cover Display ေတြ ပါပါတယ္။ Snapdragon 855 SoC , 12GB RAM နဲ႔ 512GB Storage ေတြ ထည့္ထားပါတယ္။ Cosmos Black အေရာင္ ထုတ္လုပ္ေပးထားပါတယ္။ 4,380mAh Battery နဲ႔ ကင္မရာ ၆ လံုးေတာင္ ပါပါတယ္။

Galaxy Fold ဟာ သိန္း ၃၀ ေလာက္တန္ေၾကးရွိႏုိင္တဲ့အတြက္ ေတာ္ရံုလူ မကိုင္ႏိုင္ပါဘူး။ ဒါေပမယ့္ Samsung က ေဘာစိမဟုတ္တဲ့ လူေတြပါ ကိုင္ႏုိင္မယ့္ Galaxy Fold ေမာ္ဒယ္ ၁ လံုးကို ဖန္တီးေနတဲ့ သတင္းေတြထြက္ေနပါတယ္။ တန္ဖိုးနည္း ေမာ္ဒယ္မွာ RAM ကို ေလွ်ာ့ခ်ျခင္းလို ေစ်းသက္သာေစမယ့္ အစိတ္အပိုင္းေတြကို ထည့္သြင္းထားႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

ဂျပန်မှာ Samsung Galaxy Fold ကို ဒီလ ၂၅ ရက်နေ့မှာ ရောင်းတော့မည်

Samsung က မိခင်နိုင်ငံ တောင်ကိုရီးယားမှာ Galaxy Fold ကို အစောဆုံး ရောင်းချပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်မှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ အိန္ဒိယမှာလည်း ရောင်းပေးထားပြီး သြစတြေးလျနဲ့ ယူအေအီးမှာ ကြိုတင်မှာယူနိုင်ပါပြီ။ အခုတော့ ဂျပန်မှာ အဲဒီ စွမ်းရည်မြင့် ခေါက်ချိုး ဖုန်းကို မကြာခင် ရောင်းပေးတော့မှာ ဖြစ်ပါတယ်။

Domestic Carrier AU က ဂျပန်မှာ အဲဒီ ဖုန်းရဲ့ 4G Version ကို ရောင်းမယ်လို့ အတည်ပြုလိုက်ပါတယ်။ AU ရဲ့ ဝက်ဘ်ဆိုက်မှာ ဒီလ ၂၅ ရက်နေ့မှာ စတင် ရောင်းပေးမှာပါ။ ရောင်းမယ့် ဈေးကိုတော့ မသိရသေးပါဘူး။ အရေအတွ
က် နည်းတဲ့အတွက် တောင်ကိုရီးယားမှာပဲ အစောဆုံးရောင်းပေးခဲ့တာပါ။ မြန်မာငွေ သိန်း ၃၀ လောက်ရှိပေမယ့် ဝယ်လိုအားများနေပါတယ်။

Galaxy Fold မှာ AMOLED Display ၂ ခု ပါပါတယ်။ ၇.၃ လက်မ Foldable Display နဲ့ ၄.၆ လက်မ Cover Display တွေ ပါပါတယ်။ Snapdragon 855 SoC , 12GB RAM နဲ့ 512GB Storage တွေ ထည့်ထားပါတယ်။ Cosmos Black အရောင် ထုတ်လုပ်ပေးထားပါတယ်။ 4,380mAh Battery နဲ့ ကင်မရာ ၆ လုံးတောင် ပါပါတယ်။

Galaxy Fold ဟာ သိန်း ၃၀ လောက်တန်ကြေးရှိနိုင်တဲ့အတွက် တော်ရုံလူ မကိုင်နိုင်ပါဘူး။ ဒါပေမယ့် Samsung က ဘောစိမဟုတ်တဲ့ လူတွေပါ ကိုင်နိုင်မယ့် Galaxy Fold မော်ဒယ် ၁ လုံးကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပါတယ်။ တန်ဖိုးနည်း မော်ဒယ်မှာ RAM ကို လျှော့ချခြင်းလို ဈေးသက်သာစေမယ့် အစိတ်အပိုင်းတွေကို ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina