[Zawgyi]

Realme ကို OPPO ရဲ႕ ကုမၸဏီခြဲ အျဖစ္ တည္ေထာင္ခဲ့ေပမယ့္ OPPO ရဲ႕ နည္းပညာေတြကို Realme ရဲ႕ ထုတ္ကုန္ေတြမွာ အသံုးျပဳေနပါတယ္။ အဲဒီထဲမွာ OPPO ရဲ႕ ColorOS ပါပါတယ္။ Realme ဟာ Stock Android နဲ႔ အရမ္းဆင္တဲ့ RealmeOS နာမည္ရ ကိုယ္ပိုင္ Operating System ကို ဖန္တီးေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။ Realme က အိႏၵိယမွ Realme 3 Pro Users ေတြအတြက္ Closed Beta ကို ေၾကညာခဲ့တဲ့အခ်ိန္မွာ RealmeOS လို႔ ထင္ခဲ့ၾကပါတယ္။

အခုေတာ့ Realme India CEO Madhav Sheth က RealmeOS ထြက္လာမွာ မဟုတ္ဘဲ ေနာက္ထြက္မယ့္ ColorOS 7 ရဲ႕ Customized ColorOS ကို ထုတ္လုပ္ေပးမယ္လို႔ ေျပာပါတယ္။ User Interface ဟာ Stock Android နဲ႔ ဆင္တူမွာ ျဖစ္ပါတယ္။ သူက လက္ရွိမွာ ကိုယ္ပိုင္ ColorOS နဲ႔ ပတ္သက္ၿပီး ဒီေလာက္ပဲ ေျပာပါေသးတယ္။

AskMadhav Q&A Session မွာ သူက ဒီသတင္းကို ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူက ကုမၸဏီရဲ႕ ကင္မရာ ၄ လံုးတပ္ စမတ္ဖုန္းေတြ ျဖစ္တဲ့ Realme 5 , 5 Pro နဲ႔ XT တို႔မွာ Ultrawide Camera Lens နဲ႔ Video ရိုက္ကူးႏုိင္မယ့္ လုပ္ေဆာင္ခ်က္ မၾကာခင္ ထည့္သြင္းေပးမယ္လို႔ ေျပာပါတယ္။

OPPO ColorOS 7 ရဲ႕ သတင္းေတြကို သိပ္မသိရေသးပါဘူး။ ဒါေပမယ့္ OPPO Vice President ျဖစ္သူက OPPO Reno 10X Zoom ဟာ ColorOS 7 ရမယ္လို႔ မၾကာခင္က ေျပာခဲ့ပါတယ္။ OPPO တရား၀င္ေျပာထားတဲ့ ColorOS 7 နဲ႔ ပတ္သက္တာဆိုလို႔ ဒါပဲရွိပါေသးတယ္။

Ref : gizmochina

[Unicode]

Realme ဖုန်းတွေအတွက် သီးသန့် ColorOS 7 ထွက်လာမည်

Realme ကို OPPO ရဲ့ ကုမ္ပဏီခွဲ အဖြစ် တည်ထောင်ခဲ့ပေမယ့် OPPO ရဲ့ နည်းပညာတွေကို Realme ရဲ့ ထုတ်ကုန်တွေမှာ အသုံးပြုနေပါတယ်။ အဲဒီထဲမှာ OPPO ရဲ့ ColorOS ပါပါတယ်။ Realme ဟာ Stock Android နဲ့ အရမ်းဆင်တဲ့ RealmeOS နာမည်ရ ကိုယ်ပိုင် Operating System ကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ Realme က အိန္ဒိယမှ Realme 3 Pro Users တွေအတွက် Closed Beta ကို ကြေညာခဲ့တဲ့အချိန်မှာ RealmeOS လို့ ထင်ခဲ့ကြပါတယ်။

အခုတော့ Realme India CEO Madhav Sheth က RealmeOS ထွက်လာမှာ မဟုတ်ဘဲ နောက်ထွက်မယ့် ColorOS 7 ရဲ့ Customized ColorOS ကို ထုတ်လုပ်ပေးမယ်လို့ ပြောပါတယ်။ User Interface ဟာ Stock Android နဲ့ ဆင်တူမှာ ဖြစ်ပါတယ်။ သူက လက်ရှိမှာ ကိုယ်ပိုင် ColorOS နဲ့ ပတ်သက်ပြီး ဒီလောက်ပဲ ပြောပါသေးတယ်။

AskMadhav Q&A Session မှာ သူက ဒီသတင်းကို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူက ကုမ္ပဏီရဲ့ ကင်မရာ ၄ လုံးတပ် စမတ်ဖုန်းတွေ ဖြစ်တဲ့ Realme 5 , 5 Pro နဲ့ XT တို့မှာ Ultrawide Camera Lens နဲ့ Video ရိုက်ကူးနိုင်မယ့် လုပ်ဆောင်ချက် မကြာခင် ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။

OPPO ColorOS 7 ရဲ့ သတင်းတွေကို သိပ်မသိရသေးပါဘူး။ ဒါပေမယ့် OPPO Vice President ဖြစ်သူက OPPO Reno 10X Zoom ဟာ ColorOS 7 ရမယ်လို့ မကြာခင်က ပြောခဲ့ပါတယ်။ OPPO တရားဝင်ပြောထားတဲ့ ColorOS 7 နဲ့ ပတ်သက်တာဆိုလို့ ဒါပဲရှိပါသေးတယ်။

Ref : gizmochina