Zawgyi

ASUS ရဲ႕ ZenBook Series Ultrabook ေတြဟာမ်ားေသာအားျဖင့္ အေကာင္းဆုံးေသာ Specification ၊ Design နဲ႔ Flagship Feature ေတြပါဝင္တဲ့ Laptop ေတြလို႔ ေျပာလို႔ရပါတယ္။ အဲ့ဒီအတြက္ တဖက္မွာလည္း ေစ်းႏႈန္းအရျပန္ၾကည့္မယ္ဆိုရင္ ေဒၚလာ ၁၀၀၀ အထက္ကို ရွိေနျပန္တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ ASUS ကေန အသစ္ဝင္ေရာက္လာတဲ့ ZenBook 14 UM431 ေၾကာင့္ ZenBook တစ္လုံးကို ေဒၚလာ ၈၀၀ ေအာက္နဲ႔တင္ ဝယ္ယူႏိုင္ေတာ့မွာပါ။

အခု ASUS ရဲ႕ ZenBook 14 UM431 Laptop ဟာ ေစ်းႏႈန္းအေနနဲ႔ $799 ဒါမွမဟုတ္ $899 ပဲ က်သင့္မွာျဖစ္ၿပီးေတာ့ လက္ရွိ ZenBook Series ေတြထဲမွာ ေစ်းအသက္သာဆုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။ အခုလိုမ်ိဳး ေစ်းသက္သာတာကလည္း Design နဲ႔ စြမ္းေဆာင္ရည္ပိုင္းမွာ အားနည္းေနတာေၾကာင့္မဟုတ္ဘဲ Intel Processor ေတြအစား AMD Ryzen Processor ေတြကို ေျပာင္းလဲအသုံးျပဳထားတာေၾကာင့္ပဲျဖစ္ပါတယ္။

ZenBook 14 UM431 ဟာ Specification ေတြအရၾကည့္မယ္ဆိုရင္ AMD ရဲ႕ Ryzen 7 3700U ဒါမွမဟုတ္ Ryzen 5 3500U Processor ေတြကိုအသုံးျပဳထားၿပီးေတာ့ RAM 8GB နဲ႔ 512GB SSD ပါဝင္မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ လက္ရွိ ေစ်းကြက္ထဲမွာရွိတဲ့ အလားတူ Ultrabook ေတြနဲ႔ ေကာင္းေကာင္းယွဥ္ၿပိဳင္ႏိုင္မွာပါ။ ဒ့ါအျပင္ AMD Ryzen Mobile Processor ေတြကို အသုံးျပဳလိုက္တဲ့အတြက္ AMD Vega 10 နဲ႔ Vega 8 Graphic ေတြကလည္း ပါဝင္ၿပီးျဖစ္ေနမွာပါ။ အဆိုပါ AMD Vega Graphic ေတြက Intel ရဲ႕ Integrated Graphic Processor ေတြထက္ စြမ္းေဆာင္ရည္သိသိသာသာကို ပိုေကာင္းၿပီးေတာ့ Nvidia ရဲ႕ MX150 Graphic Card ထက္ေတာင္ တခ်ိဳ႕ Game ေတြမွာ ပိုၿပီးေကာင္းေကာင္းေဆာ့ႏိုင္ဦးမွာပါ။ အဲ့ဒီအတြက္ သီးသန္႔ Graphic Card မပါေပမယ့္လည္း ပုံမွန္ Game ေဆာ့ခ်င္တဲ့သူေတြအတြက္က ဒီ AMD Ryzen Series Processor ေတြက လုံးဝ စိတ္တိုင္းက်ျဖစ္ေနမွာပါ။


Display ပိုင္းအေနနဲ႔မွာေတာ့ 14″ Full HD Display ကိုအသုံးျပဳေပးထားၿပီးေတာ့ Bezels ေတြပါးလႊာတဲ့ 6.45mm ပဲရွိမွာပါ။ အဲ့ဒီအတြက္ Screen-to-Body Ratio ကလည္း 86% အထိရွိေနမွာျဖစ္ပါတယ္။ Color Accuracy ပိုင္းမွာလည္း 100% sRGB ရွိတဲ့အတြက္ Professional Photo ၊ Video Editing ေတြအတြက္ပါအဆင္ေျပတဲ့ Display တစ္ခုလို႔ ေျပာလို႔ရပါတယ္။

Keyboard အေနနဲ႔လည္း တျခားေသာ ZenBook ေတြလိုမ်ိဳးပဲ Keyboard ကို အနည္းငယ္ျမႇင့္ေပးတဲ့ ErgoLift Design ကို အသုံးျပဳေပးထားၿပီးေတာ့ စာ႐ိုက္ရတာကို ပိုအဆင္ေျပေစမွာျဖစ္တဲ့အျပင္ Cooling နဲ႔ Audio ပိုင္းကိုပါ သိသိသာသာ ပိုေကာင္းလာေစမွာပါ။ ညဘက္မွာ စာ႐ိုက္တဲ့အခါ အဆင္ေျပဖို႔အတြက္လည္း Backlit ပါဝင္ဦးမွာပါ။ TouchPad ကလည္း Digital Numpad အျပင္ Fingerprint Sensor ပါ ပါဝင္မွာျဖစ္ပါတယ္။

အခု ZenBook 14 UM431 Laptop ဟာ အ႐ြယ္အစားအေနနဲ႔ 15.9mm အထူနဲ႔ 1.39kg ပဲ အေလးခ်ိန္ရွိမွာျဖစ္တဲ့အတြက္ ေစ်းအရ သက္သာတယ္ဆိုေပမယ့္ တကယ့္ Ultrabook တစ္ခုလိုမ်ိဳး အျပင္ကို ေပါ့ေပါ့ပါးပါးနဲ႔ သယ္သြားလို႔ရမွာပါ။ ဒါတင္မဟုတ္ေသးဘဲ AMD Mobile Processor ေတြက Power စားပိုသက္သာတဲ့အတြက္ Battery Life ကလည္း ပိုေကာင္းဦးမွာျဖစ္ပါတယ္။ Ports ေတြအေနနဲ႔လည္း USB Port ၂ ခု ၊ USB-C ၊ HDMI ၊ Audio Port နဲ႔ SD Card Reader အကုန္လုံးပါဝင္မွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီ ASUS ZenBook 14 UM431 Laptop က ေဒၚလာ ၈၀၀ ဝန္းက်င္ Ultrabook ေကာင္းေကာင္းရွာေနတဲ့သူေတြအတြက္ က်ိန္းေသ Recommend ေပးလို႔ရတဲ့ Laptop တစ္ခုျဖစ္လာတယ္ဆိုရင္လည္း မမွားပါဘူး။

Unicode

ASUS ရဲ့ ZenBook Series Ultrabook တွေဟာများသောအားဖြင့် အကောင်းဆုံးသော Specification ၊ Design နဲ့ Flagship Feature တွေပါဝင်တဲ့ Laptop တွေလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် တဖက်မှာလည်း စျေးနှုန်းအရပြန်ကြည့်မယ်ဆိုရင် ဒေါ်လာ ၁၀၀၀ အထက်ကို ရှိနေပြန်တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ASUS ကနေ အသစ်ဝင်ရောက်လာတဲ့ ZenBook 14 UM431 ကြောင့် ZenBook တစ်လုံးကို ဒေါ်လာ ၈၀၀ အောက်နဲ့တင် ဝယ်ယူနိုင်တော့မှာပါ။

အခု ASUS ရဲ့ ZenBook 14 UM431 Laptop ဟာ စျေးနှုန်းအနေနဲ့ $799 ဒါမှမဟုတ် $899 ပဲ ကျသင့်မှာဖြစ်ပြီးတော့ လက်ရှိ ZenBook Series တွေထဲမှာ စျေးအသက်သာဆုံးလို့တောင် ပြောလို့ရပါတယ်။ အခုလိုမျိုး စျေးသက်သာတာကလည်း Design နဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းနေတာကြောင့်မဟုတ်ဘဲ Intel Processor တွေအစား AMD Ryzen Processor တွေကို ပြောင်းလဲအသုံးပြုထားတာကြောင့်ပဲဖြစ်ပါတယ်။

ZenBook 14 UM431 ဟာ Specification တွေအရကြည့်မယ်ဆိုရင် AMD ရဲ့ Ryzen 7 3700U ဒါမှမဟုတ် Ryzen 5 3500U Processor တွေကိုအသုံးပြုထားပြီးတော့ RAM 8GB နဲ့ 512GB SSD ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ စျေးကွက်ထဲမှာရှိတဲ့ အလားတူ Ultrabook တွေနဲ့ ကောင်းကောင်းယှဥ်ပြိုင်နိုင်မှာပါ။ ဒ့ါအပြင် AMD Ryzen Mobile Processor တွေကို အသုံးပြုလိုက်တဲ့အတွက် AMD Vega 10 နဲ့ Vega 8 Graphic တွေကလည်း ပါဝင်ပြီးဖြစ်နေမှာပါ။ အဆိုပါ AMD Vega Graphic တွေက Intel ရဲ့ Integrated Graphic Processor တွေထက် စွမ်းဆောင်ရည်သိသိသာသာကို ပိုကောင်းပြီးတော့ Nvidia ရဲ့ MX150 Graphic Card ထက်တောင် တချို့ Game တွေမှာ ပိုပြီးကောင်းကောင်းဆော့နိုင်ဦးမှာပါ။ အဲ့ဒီအတွက် သီးသန့် Graphic Card မပါပေမယ့်လည်း ပုံမှန် Game ဆော့ချင်တဲ့သူတွေအတွက်က ဒီ AMD Ryzen Series Processor တွေက လုံးဝ စိတ်တိုင်းကျဖြစ်နေမှာပါ။


Display ပိုင်းအနေနဲ့မှာတော့ 14″ Full HD Display ကိုအသုံးပြုပေးထားပြီးတော့ Bezels တွေပါးလွှာတဲ့ 6.45mm ပဲရှိမှာပါ။ အဲ့ဒီအတွက် Screen-to-Body Ratio ကလည်း 86% အထိရှိနေမှာဖြစ်ပါတယ်။ Color Accuracy ပိုင်းမှာလည်း 100% sRGB ရှိတဲ့အတွက် Professional Photo ၊ Video Editing တွေအတွက်ပါအဆင်ပြေတဲ့ Display တစ်ခုလို့ ပြောလို့ရပါတယ်။

Keyboard အနေနဲ့လည်း တခြားသော ZenBook တွေလိုမျိုးပဲ Keyboard ကို အနည်းငယ်မြှင့်ပေးတဲ့ ErgoLift Design ကို အသုံးပြုပေးထားပြီးတော့ စာရိုက်ရတာကို ပိုအဆင်ပြေစေမှာဖြစ်တဲ့အပြင် Cooling နဲ့ Audio ပိုင်းကိုပါ သိသိသာသာ ပိုကောင်းလာစေမှာပါ။ ညဘက်မှာ စာရိုက်တဲ့အခါ အဆင်ပြေဖို့အတွက်လည်း Backlit ပါဝင်ဦးမှာပါ။ TouchPad ကလည်း Digital Numpad အပြင် Fingerprint Sensor ပါ ပါဝင်မှာဖြစ်ပါတယ်။

အခု ZenBook 14 UM431 Laptop ဟာ အရွယ်အစားအနေနဲ့ 15.9mm အထူနဲ့ 1.39kg ပဲ အလေးချိန်ရှိမှာဖြစ်တဲ့အတွက် စျေးအရ သက်သာတယ်ဆိုပေမယ့် တကယ့် Ultrabook တစ်ခုလိုမျိုး အပြင်ကို ပေါ့ပေါ့ပါးပါးနဲ့ သယ်သွားလို့ရမှာပါ။ ဒါတင်မဟုတ်သေးဘဲ AMD Mobile Processor တွေက Power စားပိုသက်သာတဲ့အတွက် Battery Life ကလည်း ပိုကောင်းဦးမှာဖြစ်ပါတယ်။ Ports တွေအနေနဲ့လည်း USB Port ၂ ခု ၊ USB-C ၊ HDMI ၊ Audio Port နဲ့ SD Card Reader အကုန်လုံးပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ ASUS ZenBook 14 UM431 Laptop က ဒေါ်လာ ၈၀၀ ဝန်းကျင် Ultrabook ကောင်းကောင်းရှာနေတဲ့သူတွေအတွက် ကျိန်းသေ Recommend ပေးလို့ရတဲ့ Laptop တစ်ခုဖြစ်လာတယ်ဆိုရင်လည်း မမှားပါဘူး။