[Zawgyi]




Ref : androidpolice

[Unicode]

Samsung က Galaxy Note 10+ Star Wars Edition ကို ကွညော

Star Wars ရဲ့ နောက်ဆုံးထွက်တဲ့ The Rise of Skywalker ရုပ်ရှင်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြသတော့မှာပါ။ အခုတော့ Samsung နဲ့ Disney တို့ ပူးပေါင်းပြီး Galaxy Note 10+ Star Wars Edition ကို ကြေညာလိုက်ပါတယ်။ ဒီဇိုင်း ဆန်းသစ်ထားတဲ့ အနီရောင် S Pen နဲ့ တခြား Accessory တွေ ဘူးထဲမှာ ထည့်သွင်းထားပါတယ်။

ပါဝါနဲ့ အသံခလုတ်တွေရဲ့ အရောင်တွေက ရိုးရိုး မော်ဒယ်တွေနဲ့ တူပေမယ့် အနောက်ဘက် ကင်မရာတွေကို အနီရောင် ဘောင်ခတ်ထားပါတယ်။ အနောက်ဘက်ဟာ အနက်ရောင် ဖြစ်ပြီး Samsung Logo ရဲ့ အောက်မှာ Sith Badge နဲ့ Star Wars Logo ရေးထွင်းထားပါတယ်။ ဆော့ဖ်ဝဲအပိုင်းမှာ Wallpapers, Shutdown Animations, Icons နဲ့ Sounds စတဲ့ အရာတွေကို Star Wars Theme ဖန်တီးထားပါတယ်။

ဘူးထဲမှာ Sith Theme ပါတဲ့ Galaxy Buds ၊ အထူးထုတ် Case နဲ့ Metal Collectible Badge တွေ ထည့်သွင်းထားပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ Samsung က Galaxy Note 10+ Star Wars Edition ကို အကန့်အသတ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ Amazon , Samsung , Best Buy နဲ့ Microsoft စတိုးတွေကနေ ဒေါ်လာ ၁,၃၀၀ နဲ့ ရောင်းချပေးမှာ ဖြစ်ပြီး မြန်မာငွေ ၁၉ သိန်းလောက်ရှိပါတယ်။ Australia, Denmark, Finland, France, Germany, Hong Kong, Korea, Norway, Russia, Spain, Sweden, Turkey, the UAE နဲ့ UK နိုင်ငံတွေမှာလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref : androidpolice