[Zawgyi]

Xiaomi က Mi Smart Band 4 ကို အိႏၵိယမွာ ေၾကညာထားတာ ၂ လေလာက္ရွိပါၿပီ။ အခုေတာ့ Xiaomi က ဒီလ ၂၁ ရက္ေန႔မွာ Mi Smart Band အသစ္ကို မိတ္ဆက္မယ္လို႔ အရိပ္အျမြက္ အသိေပးလိုက္ပါတယ္။ Xiaomi India ရဲ႕ တြစ္တာ အေကာင့္ကေန ေနာက္ထြက္မယ့္ Fitness Tracker ရဲ႕ Video Teaser ကို မွ်ေ၀လိုက္တာ ျဖစ္ပါတယ္။ Video ဟာ ၁၆ စကၠန္႔ပဲ ၾကာၿပီး Mi Smart Band 4i နာမည္နဲ႔ ထြက္လာမယ္လို႔ အရိပ္အျမြက္ အသိေပးထားပါတယ္။  အဲဒီ Fitness Tracker ရဲ႕ သတင္းအခ်က္အလက္ေတြကို မ်ားမ်ားစားစား မသိရေသးေပမယ့္ Mi Smart Band 4 နဲ႔ ဒီဇိုင္း တူႏုိင္ပါတယ္။

Xiaomi India က ဘင္ဂါလာရူးမွ Embassy TechVillage မွာ အေျပး ၿပိဳင္ပြဲ ၁ ခုကို ဒီဇင္ဘာလ ၁ ရက္ေန႔မွာ က်င္းပမွာ ျဖစ္ၿပီး အဲဒီ ပြဲအတြက္ လက္မွတ္ေတြကို ေရာင္းခ်ေပးေနပါတယ္။ ၃ ကီလိုမီတာ အေျပးၿပိဳင္ပြဲကို ရူပီး ၅၀၀ နဲ႔ ၅ ကီလိုမီတာ အေျပးၿပိဳင္ပြဲကို ရူပီး ၈၀၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁၀,၀၀၀ နဲ႔ ၁၇,၀၀၀ ေလာက္ အသီးသီး က်သင့္မွာ ျဖစ္ပါတယ္။

အေျပးၿပိဳင္ပြဲမွာ ပန္း၀င္သူေတြဟာ ေနာက္ထြက္မယ့္ Mi Smart Band အသစ္၊ ပန္း၀င္တဲ့ အထိမ္းအမွတ္ ဆုတံဆိပ္နဲ႔ E-Certificates ေတြကို ရရွိမွာ ျဖစ္ပါတယ္။ Mi Smart Band 4 မွာ ၀.၉၅ လက္မ AMOLED Display တပ္ဆင္ထားပါတယ္။ ေျပးတာ၊ ေရကူးတာ၊ စက္ဘီးစီးတာနဲ႔ လမ္းေလွ်ာက္တာေတြကို အိမ္တြင္း၊ အိမ္ျပင္ တြက္ခ်က္တိုင္းတာေပးႏုိင္ပါတယ္။ ဒါတင္မကေသးပါဘူး။ အိပ္စက္တာကိုပါ တိုင္းတာေပးၿပီး ေကာင္းေကာင္း အိပ္ေပ်ာ္ေအာင္ ကူညီေပးႏုိင္ပါတယ္။

Mi Smart Band 4 မွာ Bluetooth 5.0 LE ပါၿပီး သီခ်င္းေတြကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ ၁ ခါအားသြင္းထားရင္ ရက္ ၂၀ ေတာင္ အသံုးခံတာက အရမ္းမိုက္ပါတယ္။ အိႏၵိယမွာ ၂,၂၉၉ ရူပီးနဲ႔ ေရာင္းခ်ေပးထားၿပီး ျမန္မာေငြ ၄၈,၀၀၀ ေလာက္ရွိပါတယ္။

Ref : gizmochina

[Unicode]

Xiaomi India က Mi Smart Band ကို ဒီလ ၂၁ ရက်နေ့မှာ မိတ်ဆက်နိုင်

Xiaomi က Mi Smart Band 4 ကို အိန္ဒိယမှာ ကြေညာထားတာ ၂ လလောက်ရှိပါပြီ။ အခုတော့ Xiaomi က ဒီလ ၂၁ ရက်နေ့မှာ Mi Smart Band အသစ်ကို မိတ်ဆက်မယ်လို့ အရိပ်အမြွက် အသိပေးလိုက်ပါတယ်။ Xiaomi India ရဲ့ တွစ်တာ အကောင့်ကနေ နောက်ထွက်မယ့် Fitness Tracker ရဲ့ Video Teaser ကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ Video ဟာ ၁၆ စက္ကန့်ပဲ ကြာပြီး Mi Smart Band 4i နာမည်နဲ့ ထွက်လာမယ်လို့ အရိပ်အမြွက် အသိပေးထားပါတယ်။ အဲဒီ Fitness Tracker ရဲ့ သတင်းအချက်အလက်တွေကို များများစားစား မသိရသေးပေမယ့် Mi Smart Band 4 နဲ့ ဒီဇိုင်း တူနိုင်ပါတယ်။

Xiaomi India က ဘင်ဂါလာရူးမှ Embassy TechVillage မှာ အပြေး ပြိုင်ပွဲ ၁ ခုကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး အဲဒီ ပွဲအတွက် လက်မှတ်တွေကို ရောင်းချပေးနေပါတယ်။ ၃ ကီလိုမီတာ အပြေးပြိုင်ပွဲကို ရူပီး ၅၀၀ နဲ့ ၅ ကီလိုမီတာ အပြေးပြိုင်ပွဲကို ရူပီး ၈၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၀,၀၀၀ နဲ့ ၁၇,၀၀၀ လောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

အပြေးပြိုင်ပွဲမှာ ပန်းဝင်သူတွေဟာ နောက်ထွက်မယ့် Mi Smart Band အသစ်၊ ပန်းဝင်တဲ့ အထိမ်းအမှတ် ဆုတံဆိပ်နဲ့ E-Certificates တွေကို ရရှိမှာ ဖြစ်ပါတယ်။ Mi Smart Band 4 မှာ ဝ.၉၅ လက်မ AMOLED Display တပ်ဆင်ထားပါတယ်။ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ လမ်းလျှောက်တာတွေကို အိမ်တွင်း၊ အိမ်ပြင် တွက်ချက်တိုင်းတာပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အိပ်စက်တာကိုပါ တိုင်းတာပေးပြီး ကောင်းကောင်း အိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။

Mi Smart Band 4 မှာ Bluetooth 5.0 LE ပါပြီး သီချင်းတွေကို ထိန်းချုပ်နိုင်ပါတယ်။ ၁ ခါအားသွင်းထားရင် ရက် ၂၀ တောင် အသုံးခံတာက အရမ်းမိုက်ပါတယ်။ အိန္ဒိယမှာ ၂,၂၉၉ ရူပီးနဲ့ ရောင်းချပေးထားပြီး မြန်မာငွေ ၄၈,၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina