Zawgyi

Oppo Reno အမွတ္တံဆိပ္ဟာ ၂၀၁၉ အတြင္းမွာ စိတ္ဝင္စားစရာအေကာင္းဆုံး ထုတ္ကုန္လိုင္းတစ္ခုလို႔ေျပာရင္ မွားမွာမဟုတ္ပါဘူး။ ၂၀၁၉ မကုန္ခင္ တတိယမ်ဳိးဆက္ျဖစ္တဲ့ Reno3 လိုင္းအပ္ကို မိတ္ဆက္သြားဖို႔ စီစဥ္ထားၿပီး ယေန႔မွာ Oppo Reno 3 Pro 5G စမတ္ဖုန္းရဲ႕ Render ပုံရိပ္တစ္ခု စတင္ထြက္ေပၚလာခဲ့ပါတယ္။

ယေန႔ထြက္လာတဲ့ Render ပုံရိပ္ထဲမွာေတာ့ ေရွ႕ရက္ေတြက သတင္းထြက္ခဲ့သလို ဖုန္းရဲ႕အေပၚဘယ္ဘက္မွာ Punch-hole ပါဝင္လာတာကို ျမင္ရပါတယ္။ သူ႕ရဲ႕ေဘးဘက္ Bezel ႏွစ္ခုကိုလည္း Curved Edge ေတြသုံးစြဲထားတာကို ျမင္ေတြ႕ရမွာပါ။

သတင္းေတြအရေတာ့ Reno3 Pro ဖုန္းဟာ ကမာၻ႕အပါးလႊာဆုံး 5G စမတ္ဖုန္းျဖစ္လာဖို႔ရွိၿပီး ကိုယ္ထည္အထူက 7.7mm သာရွိတယ္လုိ႔ဆုိပါတယ္။ Reno3 ဟာ Punch-hole အသုံးျပဳလာတဲ့ ပထမဆုံး Oppo Reno ဖုန္းျဖစ္လာေပမယ့္ သူ႕အမွတ္တံဆိပ္လိုျဖစ္ေနတဲ့ ငါးမန္းေတာင္ Sharkfin Pop-up Selfie ကင္မရာကိုေတာ့ စြန္႔လႊတ္လိုက္ရပါတယ္။

Oppo ရဲ႕ Vice President ျဖစ္သူ Brian Shen ကလည္း Reno3 ရဲ႕ဘကၳရီပမာဏကို ထုတ္ေဖာ္အတည္ျပဳခဲ့ၿပီး ၄င္းကေတာ့ 4,035 mAh ျဖစ္ပါတယ္။ သူ႕ကို 30W VOOC 4.0 အားသြင္းစနစ္နဲ႔တြဲဖက္ေပးထားမွာပါ။ Reno3 Pro 5G ဖုန္းဟာ Standalone (SA) နဲ႔ Non-standalone (NSA) 5G Mode ႏွစ္ခုစလုံးကို ေထာက္ပံ့လာမယ္လို႔ ယူဆရပါတယ္။

Reno3 Pro 5G မွာ အသစ္စက္စက္ Snapdragon 735 ခ်စ္ပ္ဆက္အသုံးျပဳလာမယ္လို႔လည္း သတင္းထြက္ေနၿပီး Octa-core ခ်စ္ပ္ဆက္အသစ္ဟာ 5G Modem တစ္ခါတည္း ပါဝင္လာမွာပါ။ Oppo Reno3 ကုိ ဒီဇင္ဘာလအတြင္း မိတ္ဆက္သြားမယ္လို႔ ေျပာထားေပမယ့္ ရက္အတိအက်ကို မသိရေသးဘဲ ဒီဇင္ဘာလလည္ေလာက္မွာ ျဖစ္ႏုိင္ပါတယ္။

Ref – Playful Droid

Unicode

Oppo Reno အမှတ်တံဆိပ်ဟာ ၂၀၁၉ အတွင်းမှာ စိတ်ဝင်စားစရာအကောင်းဆုံး ထုတ်ကုန်လိုင်းတစ်ခုလို့ပြောရင် မှားမှာမဟုတ်ပါဘူး။ ၂၀၁၉ မကုန်ခင် တတိယမျိုးဆက်ဖြစ်တဲ့ Reno3 လိုင်းအပ်ကို မိတ်ဆက်သွားဖို့ စီစဉ်ထားပြီး ယနေ့မှာ Oppo Reno 3 Pro 5G စမတ်ဖုန်းရဲ့ Render ပုံရိပ်တစ်ခု စတင်ထွက်ပေါ်လာခဲ့ပါတယ်။

ယနေ့ထွက်လာတဲ့ Render ပုံရိပ်ထဲမှာတော့ ရှေ့ရက်တွေက သတင်းထွက်ခဲ့သလို ဖုန်းရဲ့အပေါ်ဘယ်ဘက်မှာ Punch-hole ပါဝင်လာတာကို မြင်ရပါတယ်။ သူ့ရဲ့ဘေးဘက် Bezel နှစ်ခုကိုလည်း Curved Edge တွေသုံးစွဲထားတာကို မြင်တွေ့ရမှာပါ။

သတင်းတွေအရတော့ Reno3 Pro ဖုန်းဟာ ကမ္ဘာ့အပါးလွှာဆုံး 5G စမတ်ဖုန်းဖြစ်လာဖို့ရှိပြီး ကိုယ်ထည်အထူက 7.7mm သာရှိတယ်လို့ဆိုပါတယ်။ Reno3 ဟာ Punch-hole အသုံးပြုလာတဲ့ ပထမဆုံး Oppo Reno ဖုန်းဖြစ်လာပေမယ့် သူ့အမှတ်တံဆိပ်လိုဖြစ်နေတဲ့ ငါးမန်းတောင် Sharkfin Pop-up Selfie ကင်မရာကိုတော့ စွန့်လွှတ်လိုက်ရပါတယ်။

Oppo ရဲ့ Vice President ဖြစ်သူ Brian Shen ကလည်း Reno3 ရဲ့ဘက္ထရီပမာဏကို ထုတ်ဖော်အတည်ပြုခဲ့ပြီး ၎င်းကတော့ 4,035 mAh ဖြစ်ပါတယ်။ သူ့ကို 30W VOOC 4.0 အားသွင်းစနစ်နဲ့တွဲဖက်ပေးထားမှာပါ။ Reno3 Pro 5G ဖုန်းဟာ Standalone (SA) နဲ့ Non-standalone (NSA) 5G Mode နှစ်ခုစလုံးကို ထောက်ပံ့လာမယ်လို့ ယူဆရပါတယ်။

Reno3 Pro 5G မှာ အသစ်စက်စက် Snapdragon 735 ချစ်ပ်ဆက်အသုံးပြုလာမယ်လို့လည်း သတင်းထွက်နေပြီး Octa-core ချစ်ပ်ဆက်အသစ်ဟာ 5G Modem တစ်ခါတည်း ပါဝင်လာမှာပါ။ Oppo Reno3 ကို ဒီဇင်ဘာလအတွင်း မိတ်ဆက်သွားမယ်လို့ ပြောထားပေမယ့် ရက်အတိအကျကို မသိရသေးဘဲ ဒီဇင်ဘာလလည်လောက်မှာ ဖြစ်နိုင်ပါတယ်။

Ref – Playful Droid