[Unicode]

Realme ရဲ့ CEO ဖြစ်တဲ့ Madhav Sheth က YouTube မှာ အတည်ပြုချက်အချို့ ပေးခဲ့ပါတယ်။ အဲဒါကတော့ Realme ဟာ Fitness tracker တွေထုတ်လုပ်ရောင်းချမယ်ဆိုတဲ့အကြောင်းပါပဲ။ ဒီလိုမျိုး ထုတ်ကုန်သစ်ထပ်ထုတ်ပြီးတော့ အမှတ်တံဆိပ်နဲ့ ကုမ္ပဏီရဲ့ပုံရိပ်ကို ပိုပြီးကြီးကျယ်အောင် ပြုလုပ်ချင်နေတာပဲ ဖြစ်ပါတယ်။

“အိန္ဒိယရဲ့ အကြီးမားဆုံး Tech lifestyle အမှတ်တံဆိပ်ဖြစ်လာဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်” လို့ Sheth က ပြောပါတယ်။ “Fitness band တွေအကြောင်းပြောရမယ်ဆိုရင်တော့၊ ဒါတွေကို တကယ်ပဲပြုလုပ်နေပါပြီ။ လာမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာပဲ တွေ့ကြရမှာပါ” လို့လည်း Realme fitness tracker တွေ ဈေးကွက်ထဲရောက်မယ့်အချိန်ကို Sheth က ထပ်မံဖြည့်စွက်ပြောဆိုခဲ့ပါသေးတယ်။

တခြားလူပြောရင်တော့ ဒီစကားတွေကို ယုံချင်မှယုံရမှာပါ။ ဒါပေမယ့် Realme ရဲ့ CEO ကိုယ်တိုင်က ထုတ်ပြောတာဖြစ်တဲ့အတွက် ယုံကြည်ရတော့မှာပါ။ ကုမ္ပဏီအနေနဲ့ Fitness tracker တွေကို ထုတ်လုပ်ပြီးစီးဖို့ သိပ်မလိုတော့ဘူးလို့ ယူဆရပါတယ်။ သေချာတာကတော့ Realme ရဲ့ Fitness tracker တွေဟာ Xiaomi ရဲ့ Mi Band တွေနဲ့ အပြိုင်ဖြစ်လာပါလိမ့်မယ်။

လက်ရှိအချိန်မှာ Xiaomi Mi Band 4 က အဆင့်အတန်းရှိပြီး လူကြိုက်များတဲ့ Band တစ်ခု ဖြစ်နေပါတယ်။ ဒီနေ့ခေတ်မှာ ဈေးနှုန်းသက်သာပေမယ့်၊ အညံ့စားမဟုတ်ဘဲ ဝယ်ပျော်တဲ့ Fitness tracker အဖြစ်နဲ့ လက်မထောင်နေနိုင်တဲ့ Mi Band တွေအတွက်တော့ Realme ရဲ့ Fitness tracker တွေက ပြိုင်ဘက်ကောင်းအဖြစ် ပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Android authority

[Zawgyi]

Realme ရဲ႕ ေဈးသက္သာတဲ့ Fitness Tracker ေတြကို ၂၀၂၀ ပထမႏွစ္ဝက္အတြင္းမွာ ေတြ႕ရမယ္လို႔ CEO အတည္ျပဳ

Realme ရဲ႕ CEO ျဖစ္တဲ့ Madhav Sheth က YouTube မွာ အတည္ျပဳခ်က္အခ်ိဳ႕ ေပးခဲ့ပါတယ္။ အဲဒါကေတာ့ Realme ဟာ Fitness tracker ေတြထုတ္လုပ္ေရာင္းခ်မယ္ဆိုတဲ့အေၾကာင္းပါပဲ။ ဒီလိုမ်ိဳး ထုတ္ကုန္သစ္ထပ္ထုတ္ၿပီးေတာ့ အမွတ္တံဆိပ္နဲ႔ ကုမၸဏီရဲ႕ပုံရိပ္ကို ပိုၿပီးႀကီးက်ယ္ေအာင္ ျပဳလုပ္ခ်င္ေနတာပဲ ျဖစ္ပါတယ္။

“အိႏၵိယရဲ႕ အႀကီးမားဆုံး Tech lifestyle အမွတ္တံဆိပ္ျဖစ္လာဖို႔ ကြၽန္ေတာ္တို႔ ရည္မွန္းထားပါတယ္” လို႔ Sheth က ေျပာပါတယ္။ “Fitness band ေတြအေၾကာင္းေျပာရမယ္ဆိုရင္ေတာ့၊ ဒါေတြကို တကယ္ပဲျပဳလုပ္ေနပါၿပီ။ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ပထမႏွစ္ဝက္အတြင္းမွာပဲ ေတြ႕ၾကရမွာပါ” လို႔လည္း Realme fitness tracker ေတြ ေဈးကြက္ထဲေရာက္မယ့္အခ်ိန္ကို Sheth က ထပ္မံျဖည့္စြက္ေျပာဆိုခဲ့ပါေသးတယ္။

တျခားလူေျပာရင္ေတာ့ ဒီစကားေတြကို ယုံခ်င္မွယုံရမွာပါ။ ဒါေပမယ့္ Realme ရဲ႕ CEO ကိုယ္တိုင္က ထုတ္ေျပာတာျဖစ္တဲ့အတြက္ ယုံၾကည္ရေတာ့မွာပါ။ ကုမၸဏီအေနနဲ႔ Fitness tracker ေတြကို ထုတ္လုပ္ၿပီးစီးဖို႔ သိပ္မလိုေတာ့ဘူးလို႔ ယူဆရပါတယ္။ ေသခ်ာတာကေတာ့ Realme ရဲ႕ Fitness tracker ေတြဟာ Xiaomi ရဲ႕ Mi Band ေတြနဲ႔ အၿပိဳင္ျဖစ္လာပါလိမ့္မယ္။

လက္ရွိအခ်ိန္မွာ Xiaomi Mi Band 4 က အဆင့္အတန္းရွိၿပီး လူႀကိဳက္မ်ားတဲ့ Band တစ္ခု ျဖစ္ေနပါတယ္။ ဒီေန႔ေခတ္မွာ ေဈးႏႈန္းသက္သာေပမယ့္၊ အညံ့စားမဟုတ္ဘဲ ဝယ္ေပ်ာ္တဲ့ Fitness tracker အျဖစ္နဲ႔ လက္မေထာင္ေနႏိုင္တဲ့ Mi Band ေတြအတြက္ေတာ့ Realme ရဲ႕ Fitness tracker ေတြက ၿပိဳင္ဘက္ေကာင္းအျဖစ္ ေပၚထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: Android authority