[Unicode]

Redmi က K30 Series တွေကို တရုတ်မှာ ဒီလ အစောပိုင်းက ကြေညာခဲ့ပါတယ်။ 4G မော်ဒယ်တွေကိုတော့ ဒီဇင်ဘာလ ဒုတိယပတ်မှာ ရောင်းပေးခဲ့ပါတယ်။ အခုတော့ 5G မော်ဒယ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ ရောင်းပေးတော့မယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ အဖြူ၊ အပြာ၊ အနီနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ 6/64GB ကို ၁,၉၉၉ ယွမ်နဲ့ 8/256GB ကို ၂,၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၂၀,၀၀၀ နဲ့ ၆၁၀,၀၀၀ လောက် အသီးသီးကျသင့်မှာပါ။

Redmi K30 5G မှာ ၆.၆၇ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး Punch-hole ပါပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင်ဟာ HDR 10 ကို ထောက်ပံ့ပြီး 20:9 မျက်နှာပြင် အချိုးဖြစ်တဲ့အတွက် ရုပ်ရှင်တွေ ကြည့်ရင် အရမ်းလန်းပါတယ်။ Full HD+ Resolution ထောက်ပံ့ထားပြီး 1080x2400p ဖြစ်ပါတယ်။ 120Hz Refresh Rate ပါတဲ့ Redmi ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။

7nm Qualcomm Snapdragon 765G Chipset မောင်းနှင်ထားပြီး 8GB RAM ပါပါတယ်။ 256GB Storage အထိ ရွေးချယ်နိုင်ပြီး mciroSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ပင်မ ကင်မရာက 64MP IMX686 Sensor ဖြစ်ပါတယ်။ Sony ရဲ့ နောက်ဆုံးထုတ် ကင်မရာ ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ ပင်မ ကင်မရာကို 8MP Ultrawide , 2MP Depth နဲ့ 5MP Macro Sensor တွေနဲ့ အားဖြည့်ထားပါတယ်။

ဆဲလ်ဖီး ကင်မရာ ၂ လုံးကို Punch Hole Design ထည့်သွင်းထားပြီး ပင်မ ကင်မရာက 20MP နဲ့ အပို ကင်မရာက 2MP Depth Sensor ဖြစ်ပါတယ်။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ Mi Turbo 2.0 က ဖုန်းကို လျှင်မြန်အောင် ပြုလုပ်ပေးပြီး Game Turbo 2.0 က ဂိမ်းကစားရင် မြန်ဆန်စေပါတယ်။ 30W Fast Charging ပါတဲ့ 4,400mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Ref : gizmochina

[Zawgyi]

Redmi K30 5G ကို ဇန္န၀ါရီလ ၇ ရက္ေန႔မွာ ေရာင္းမည္

Redmi က K30 Series ေတြကို တရုတ္မွာ ဒီလ အေစာပိုင္းက ေၾကညာခဲ့ပါတယ္။ 4G ေမာ္ဒယ္ေတြကိုေတာ့ ဒီဇင္ဘာလ ဒုတိယပတ္မွာ ေရာင္းေပးခဲ့ပါတယ္။ အခုေတာ့ 5G ေမာ္ဒယ္ကို ၂၀၂၀ ခုႏွစ္ ဇန္န၀ါရီလ ၇ ရက္ေန႔မွာ ေရာင္းေပးေတာ့မယ္လို႔ ကုမၸဏီက အတည္ျပဳလိုက္ပါတယ္။ အျဖဴ၊ အျပာ၊ အနီနဲ႔ ခရမ္းေရာင္ေတြ ထုတ္လုပ္ေပးထားပါတယ္။ 6/64GB ကို ၁,၉၉၉ ယြမ္နဲ႔ 8/256GB ကို ၂,၈၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၂၀,၀၀၀ နဲ႔ ၆၁၀,၀၀၀ ေလာက္ အသီးသီးက်သင့္မွာပါ။

Redmi K30 5G မွာ ၆.၆၇ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး Punch-hole ပါပါတယ္။ အေရွ႕နဲ႔ အေနာက္ဘက္ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ မ်က္ႏွာျပင္ဟာ HDR 10 ကို ေထာက္ပံ့ၿပီး 20:9 မ်က္ႏွာျပင္ အခ်ိဳးျဖစ္တဲ့အတြက္ ရုပ္ရွင္ေတြ ၾကည့္ရင္ အရမ္းလန္းပါတယ္။ Full HD+ Resolution ေထာက္ပံ့ထားၿပီး 1080x2400p ျဖစ္ပါတယ္။ 120Hz Refresh Rate ပါတဲ့ Redmi ရဲ႕ ပထမဆံုး ဖုန္း ျဖစ္ပါတယ္။

7nm Qualcomm Snapdragon 765G Chipset ေမာင္းႏွင္ထားၿပီး 8GB RAM ပါပါတယ္။ 256GB Storage အထိ ေရြးခ်ယ္ႏိုင္ၿပီး mciroSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး တပ္ဆင္ထားၿပီး ပင္မ ကင္မရာက 64MP IMX686 Sensor ျဖစ္ပါတယ္။ Sony ရဲ႕ ေနာက္ဆံုးထုတ္ ကင္မရာ ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။ ပင္မ ကင္မရာကို 8MP Ultrawide , 2MP Depth နဲ႔ 5MP Macro Sensor ေတြနဲ႔ အားျဖည့္ထားပါတယ္။

ဆဲလ္ဖီး ကင္မရာ ၂ လံုးကို Punch Hole Design ထည့္သြင္းထားၿပီး ပင္မ ကင္မရာက 20MP နဲ႔ အပို ကင္မရာက 2MP Depth Sensor ျဖစ္ပါတယ္။ Android 10 အေျချပဳ MIUI 11 ေမာင္းႏွင္ထားၿပီး ေဘးဘက္လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ Mi Turbo 2.0 က ဖုန္းကို လွ်င္ျမန္ေအာင္ ျပဳလုပ္ေပးၿပီး Game Turbo 2.0 က ဂိမ္းကစားရင္ ျမန္ဆန္ေစပါတယ္။ 30W Fast Charging ပါတဲ့ 4,400mAh ဘက္ထရီ ထည့္သြင္းထားပါတယ္။

Ref : gizmochina