တရုတ်ရဲ့ ထီလောကမှာ ဒစ်ဂျစ်တယ် နည်းပညာတွေကို အသုံးပြုနေကြပါတယ်။ စမတ်ကျပြီး ဉာဏ်ရည်မြင့်တဲ့ AI Chatbot တွေကို အလုပ်အသစ်တွေ ခိုင်းလာကြပါတယ်။ အဲဒါကတော့ ထီဂဏန်းတွေကို ခန့်မှန်းခိုင်းတာ ဖြစ်ပါတယ်။

Artificial Intelligence

AI Chatbot ကို ထီဂဏန်း ခန့်မှန်းခိုင်းတဲ့ လူတွေထဲမှာ Anhui ပြည်နယ်မှ Gu Xiangnan လည်း ပါပါတယ်။ သူမဟာ AI Chatbot ၁ ခု ဖြစ်တဲ့ Google Gemini-Pro မှာ Super Lotto ဒေတာ ၂ နှစ်စာကို ထည့်သွင်ငးပေးထားပြီး ထီဂဏန်းတွေကို ခန့်မှန်းခိုင်းနေတာ ဖြစ်ပါတယ်။

Can AI Really Predict Lottery Results? We Asked an Expert. - AI - IT - Engineering - Cloud - Finance - Trends

Gu ရဲ့ နည်းလမ်းကို တရုတ်ရဲ့ ထီဝါသနာရှင်တွေကလည်း အတုခိုးကာ အသုံးပြုလာကြပါတယ်။ တရုတ်မှာ ထီထိုးသူ သန်း ၂၀၀ နီးပါး ရှိပြီး နှစ်စဉ် ယွမ် ၆၀၀ ဘီလီယမ်ဖိုး ထီထိုးနေကြပါတယ်။ AI ကို အသုံးပြုကာ ထီဂဏန်းခန့်မှန်းခိုင်းတာဟာ တခြား နိုင်ငံတွေမှာလည်း ရှိနေပါတယ်။ ထိုင်း ကနေ စင်ကာပူ အထိ AI ခန့်မှန်းပေးတဲ့ ထီဂဏန်းတွေကို ထိုးလို့ ထီပေါက်သွားသူတွေရဲ့ ဖြစ်ရပ်တွေကိုလည်း ကြားနေရပါတယ်။

ထီဂဏန်းတွေဟာ ကျပန်း ရွေးချယ်တာ ဖြစ်တယ်ဆိုတာကို မမေ့ထားသင့်ပါဘူး။ AI က ခန့်မှန်းပေးတာပဲ ရှိပြီး ထီပေါက်အောင် မစွမ်းဆောင်ပေးနိုင်ပါဘူး။ ပညာရှင်တွေနဲ့ AI က အပျော်သဘောနဲ့ပဲ ထီထိုးသင့်ပြီး စီးပွားရှာဖို့ ထီမထိုးသင့်ဘူးလို့ ပြောကြပါတယ်။ Gemini-Pro ကလည်း Gu ကို အပျော်သဘောနဲ့ပဲ ထီထိုးဖို့ အကြံပေးပါတယ်။

Ref : gizmochina