Zawgyi




Ref: Gizmo China

Unicode

ဇွန်လမတိုင်ခင် HMD Global ရဲ့ Nokia ဖုန်းတွေအကုန် Android Pie Update ရရှိမည်

HMD Global ကနေ ကိုင်တွယ်နေတဲ့ Nokia ဟာ သူ့ရဲ့ Nokia ဖုန်းတွေ အကုန်လုံးအတွက် ဇွန်လမတိုင်ခင် Android Pie Update ရရှိဖို့ ကြိုးစားနေပါတယ်။ တစ်ချို့ Nokia ဖုန်းတွေ အတွက် နောက်ဆုံးထွက် Android Pie Update ကို ယူဆောင်ပေးခဲ့ ပြီးပြီ ဖြစ်ပါတယ်။ အခုဆိုရင် Nokia 5 နဲ့ Nokia 3.1 Plus အတွက် Android Pie Update ကို ရက်ပိုင်းအတွင်း ထုတ်ပေးနိုင်အောင် ကြိုးစားနေပြီလို့ဆိုပါတယ်။ Nokia ရဲ့ Flagship ဖုန်းတွေသာမက Mid-range နဲ့ Entry-level ဖုန်းတွေ အကုန်လုံးအတွက်ပါ ၂၀၁၉ ဇွန်လ မတိုင်ခင် Android Pie ရရှိစေမယ်လို့ Nokia က ကတိပေးလိုက်ပါပြီ။

Nokia 5 နဲ့ Nokia 3.1 Plus တို့အတွက် Android Pie Update ဟာ ဒီအပတ် အကုန်မှာ စတင် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရာဒေသပေါ်လိုက်ပြီး တစ်ဆင့် ချင်းစီ Update ပေးသွားမှာမို့ Nokia 5 နဲ့ Nokia 3.1 Plus အသုံးပြုသူအကုန်လုံးစီကိုတော့ Android Pie Update ကို တစ်ပြိုင်တည်း ယူဆောင်ပေးနိုင်မှာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့်လည်း အရင်လို အချိန်အကြာကြီး စောင့်စရာ မလိုတော့ပဲ ရက်ပိုင်း အတွင်း Update ရမှာပါ။

Nokia 6 2017 ဟာလည်း တစ်ပတ်၊နှစ်ပတ်အတွင်း Android Pie Update ရမယ့် စာရင်းထဲ အပါအဝင်ဖြစ်ပါတယ်။ Nokia ရဲ့ Software Development Team ဟာ Android Pie အတွက် အသံပတ်လည်ပြေး အသံစနစ်ဖြစ်တဲ့ Dolby Atmos Software ကို အချောသပ်နေပြီး ကျန်တဲ့ အပိုင်းတွေကတော့ လက်စသတ်ပြီးပြီ လို့သိရပါတယ်။ Entry-level ဖုန်းတွေဖြစ်တဲ့ Nokia 1 နဲ့ Nokia 3 ဖုန်းတွေအတွက်လည်း ၂၀၁၉ နှစ်လယ်ပိုင်း မရောက်ခင် Android Pie Update ပေးသွားမှာဖြစ်ပါတယ်။

Ref: Gizmo China