Bloomberg ရဲ့ လေ့လာဆန်းစစ်သူ Mark Gurman က Apple ဟာ ဒီနှစ်မှာ စမတ်နာရီ ၃ လုံးကို ရောင်းချမှာ ဖြစ်ပြီး အဲဒါတွေက Apple Watch 8 , SE နဲ့ အကြမ်းခံ Pro တို့ဖြစ်ပါတယ်။

The current Apple Watch 7 series comes in 41mm and 45mm sizes

Apple Watch Pro ကို ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ဒီဇိုင်း ပြောင်းလဲထားတယ်လို့ ပြောကြပါတယ်။ လေးထောင့် ပုံသဏ္ဍာန်ကိုပဲ အသုံးပြုထားမှာ ဖြစ်ပြီး ဘေးဘက်တွေက ပြားချပ် မနေဘူးလို့ သတင်းထွက်နေပါတယ်။

Apple Watch SE: The ultimate combination of design, function, and value - Apple

မျက်နှာပြင် အရွယ်အစားက Watch 7, 45mm ရဲ့ ၁.၉ လက်မထက် ၇ ရာခိုင်နှုန်း ပိုကြီးမားမှာ ဖြစ်ပြီး မျက်နှာပြင်ဟာ လက်ရှိ Apple စမတ်နာရီတွေထက် တုန်ခါမှုကို ပိုမိုခံနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည်ကို မာကျော ပေါ့ပါးတဲ့ တိုက်တေနီယမ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး ကိုယ်ထည် ကြီးမားတဲ့အတွက် ပိုကြီးတဲ့ ဘက်ထရီ ပါလာမှာပါ။

Gurman က Watch Pro မှာ ကိုယ်ခန္တာအပူချိန်ကို တိုင်းတာပေးတဲ့ ဆန်ဆာ ပါလာမယ်လို့ ပြောပါတယ်။ ကုမ္ပဏီက အနာဂတ်ထုတ် မော်ဒယ်တွေမှာ သွေးဖိအားတိုင်းတာတဲ့ ဆန်ဆာနဲ့ သွေးတွင်း သကြားဓါတ် တိုင်းတာတဲ့ ကိရိယာကို ထည့်သွင်းပေးဖို့ ဖန်တီးနေပါတယ်။

အကြမ်းခံ Apple Watch Pro ကို ဒေါ်လာ ၉၀၀ နဲ့ ရောင်းချမယ်လို့  ထင်ရပါတယ်။ Gurman က Pro ဟာ Apple Watch User တချို့အတွက် အရွယ်အစား တော်တော်ကြီးမားမယ်လို့ သုံးသပ်ပါတယ်။

Ref : gsmarena