Apple ဟာ အမေရိကန်နဲ့ ကနေဒါက iPhone 14 Series မှာ ဂြိုလ်တု ဆက်သွယ်ရေး အခြေပြု Emergency SOS လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပြီး အခုတော့ အလက်စကားက Nimiuk Point မှာ လမ်းပျောက်နေတဲ့ လူ ၁ ယောက်ကို ကယ်တင်လိုက်နိုင်ပါတယ်။

iPhone 14 Emergency SOS Satellite Messaging feature records first rescue | Trusted Reviews

အလက်စကား အများပြည်သူ ဘေးကင်းလုံခြုံရေး ဌာနက “ နှင်းတောထဲမှာ ဆိုင်ကယ်စီးသူ အမျိုးသား ၁ ယောက်ဟာ လမ်းပျောက်သွားခဲ့ပြီး သူ့ iPhone က Emergency SOS Function ကို အသုံးပြုခဲ့ပါတယ်။ အလက်စကား ကယ်ဆယ်ရေး အဖွဲ့တွေက ဒီဇင်ဘာလ ၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီမှာ သူ့ကို ကယ်တင်လိုက်နိုင်ပါတယ်။” လို့ ပြောပါတယ်။

Apple's iPhone 14 Emergency SOS Satellite Feature Is a Game-Changer for Safety - CNET

Apple Emergency Response Center ဟာ လမ်းပျောက်နေသူရဲ့ GPS ဒေတာ အတိအကျကို Northwest Arctic Borough Search and Rescue ဌာနဆီ ပေးပို့ခဲ့ပါတယ်။ အဲဒီနောက်မှာ ကယ်ဆယ်ရေး သမား ၄ ယောက်က သူ့ရဲ့ တည်နေရာကို ခြေရာခံကာ ကယ်တင်ခဲ့နိုင်တာ ဖြစ်ပါတယ်။

Apple ရဲ့ Emergency SOS လုပ်ဆောင်ချက်ကို လက်ရှိမှာ အမေရိကန်နဲ့ ကနေဒါက Apple User တွေမှာ အသုံးပြုလို့ရပြီ ဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်နဲ့ ဗြိတိန်တို့မှာ ရရှိမယ်လို့ ထင်ပါတယ်။

Ref : gsmarena