Apple ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက iPhone တွေအတွက် iOS 15.1 Update နဲ့အတူ macOS Monterey Update ကိုပါ တရားဝင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ macOS Monterey Update ဟာ Mac ကွန်ပျူတာတွေအတွက် Focus Mode ၊ SharePlay ၊ Safari Browser အသစ်အပြင် တခြားသော အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက တချို့သောအသုံးပြုသူတွေက Mac ကွန်ပျူတာအဟောင်းတွေမှာ macOS Monterey Update တင်ပြီးတဲ့အချိန်မှာ အသုံးပြုနိုင်ခြင်းမရှိတော့ဘဲ Brick ဖြစ်သွားတယ်လို့ ပြောကြားနေကြတာဖြစ်ပါတယ်။ တချို့သော အသုံးပြုသူတွေကလည်း Port ပိုင်းမှာ ပြဿနာတက်နေပြီး Troubleshooting နည်းလမ်းတွေနဲ့လည်း ဖြေရှင်းနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

အခုလိုမျိုး တချို့သော Mac ကွန်ပျူတာတွေမှာ ပြဿနာတက်နေတာဟာ Firmware Issue အချို့ကြောင့်ဖြစ်တယ်လို့ Apple ကနေ ပြောကြားခဲ့ပါတယ်။ အခုလိုဖြစ်ပွားရတာကလည်း လွန်ခဲ့တဲ့ ၃ နှစ်က ထုတ်ခဲ့တဲ့ Mac ကွန်ပျူတာ ၁၆ မျိုးမှာပါဝင်တဲ့ T2 Security Chip ကြောင့် အဓိကပြဿနာတက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Apple ကနေ အဆိုပါ Bug ကို ပြန်လည်ပြင်ဆင်ထားတဲ့ macOS Monterey Update ကို ပြောင်းလဲထုတ်ပေးနေပြီဖြစ်ပြီး တကယ်လို့ ယခင်တုန်းက အဆိုပါ ပြဿနာဖြစ်ပွားခဲ့တဲ့ Mac အသုံးပြုသူတွေအနေနဲ့လည်း Apple Support ကို ဆက်သွယ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – Gizmodo