Apple ဟာ မကြာခင်မှာ ပြုလုပ်ဖို့ရှိနေတဲ့ WWDC Developer Conference မှာ Apple iOS 14 အသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း အဆိုပါ iOS 14 မှာ ပါဝင်လာနိုင်တဲ့ Feature အသစ်တစ်ခုက ပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါ Feature ကတော့ iOS 14 မှာ “Phone and Facetime Calls” အတွက် Call Recording Feature ပါဝင်လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple iDevice အသုံးပြုသူတွေအနေနဲ့ နောက်ဆုံးတော့ သီးသန့် Third-party App တွေအသုံးပြုနေစရာမလိုအပ်တော့ဘဲ Setting ထဲကနေပဲ တိုက်ရိုက်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple အနေနဲ့ အခုလိုမျိုး Call Recording ရယူတော့မယ်ဆိုရင် တစ်ဖက်ဖုန်းပြောတဲ့လူကို Record ရယူထားတယ်ဆိုပြီး အသိပေးသွားမှာဖြစ်ပြီး Privacy ပိုင်းကြောင့် တစ်ဖက်လူမသိအောင် Call Recording ရယူထားဖို့ကတော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒါတင်မဟုတ်သေးဘဲ Apple ကနေ Call Recording Feature ကို On ထားမယ်ဆိုရင် တခြားသောတစ်ဦးတစ်ယောက်ကို ဖုန်းခတ္တပေးသုံးတာမျိုး မပြုလုပ်ဖို့ကိုလည်း သတိပေးထားမှာဖြစ်ပါတယ်။

Google ကလည်း အလားတူ Call Recording Feature ကို Pixel ဖုန်းတွေရဲ့ Phone App မှာထည့်သွင်းနေဖို့ စီစဥ်နေပြီးတော့ လာမယ့် Android 11 Update မှာပါဝင်လာနိုင်ခြေများနေပါတယ်။ အဆိုပါ Call Recording Feature ကိုအသုံးပြုမယ်ဆိုရင်လည်း တစ်ဖက်လူကို Google Assistant ကနေ Call Recording ပြုလုပ်ထားမယ်ဆိုတာကို ပြောကြားသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple WWDC Developer Conference ဟာ လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အဆိုပါ အချိန်ကြရင် ယခု Feature အပါအဝင် iOS 14 ရဲ့ ပြောင်းလဲမှုတွေကို အပြည့်အစုံသိရတော့မှာပါ။

Ref – Giz China