ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၂၀၂၃ ခုနှစ်မှာ ကြေညာမယ့် iPhone 15 Pro Series မော်ဒယ်တွေရဲ့ သတင်းအချက်အလက်တွေထွက်ပေါ်လာခဲ့ပြီး Nano-SIM Card Slot မပါဘဲ Dual eSIM Card တွေပဲ ထောက်ပံ့ထားမယ်လို့ သိခဲ့ရပါတယ်။

Apple iPhone 13 All Colors Featured

အခုထွက်လာတဲ့ သတင်းအရ Apple ဟာ Physical SIM အစား eSIM ပြောင်းသုံးတာကို ဒီထက်စောပြီး အကောင်အထည် ဖော်လာနိုင်ပါတယ်။ နောက်နှစ်ထွက်မယ့် iPhone 14 Series မော်ဒယ်တွေမှာ Physical Nano-SIM Slot မပါလာနိုင်ဘူးလို့ သတင်းပေါက်ကြားလာတာပါ။

iPhone 14 price rumors: Our best guess at how much Apple's 2022 iPhones  could cost - CNET

MacRumors ရဲ့ သတင်းအရ Apple ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ eSIM-only စမတ်ဖုန်းတွေ ရောင်းချဖို့အတွက် ပြင်ဆင်ထားဖို့ အမေရိကန်က နာမည်ကြီး Carrier တွေကို အကြံပေးထားတယ်လို့ သိရပါတယ်။

တချို့ အမေရိကန် Carrier တွေဟာ ၂၀၂၂ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လကစတင်ကာ ဘူးထဲမှာ Nano-SIM Card မပါဘဲ iPhone 13 မော်ဒယ်တွေကို ရောင်းချမှာ ဖြစ်တဲ့အတွက် Apple ဟာ ဒီလို ပြောင်းလဲမှုကို စတင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Apple Store နဲ့ Apple.com ကနေ Nano-SIM မပါတဲ့ iPhone 13 မော်ဒယ်တွေကို ရောင်းချပေးနေပါတယ်။

Apple ဟာ eSIM မထောက်ပံ့တဲ့ နိုင်ငံတွေအတွက် Physical SIM Card Slot ပါတဲ့ iPhone မော်ဒယ်တွေကို ဆက်လက် ထုတ်လုပ်ရောင်းချမယ်လို့ ထင်ရပါတယ်။

ဒီသတင်းမတိုင်ခင်က Apple ဟာ iPhone တွေမှာ Lightning Port ဖယ်ရှားတော့မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ Lightning Port ရော Physical SIM Card Slot ကိုပါ ဖယ်ရှားမယ်ဆိုရင် ဒီဇိုင်းပိုလှသွားမှာ ဖြစ်သလို ရေစိုခံနှုန်း ပိုကောင်းလာမှာပါ။

Apple ဟာ ကြီးကြီးမားမားပြောင်းလဲမှုတွေကို ပြုလုပ်လေ့ရှိတဲ့အတွက် အခုသတင်းဟာ တကယ် ဖြစ်လာနိုင်ပါတယ်။

Ref : gizmochina