Apple အနေနဲ့ ဒီဆယ်စုနှစ်ထဲမှာ အဓိကကင်မရာအတွက် 12MP sensors တွေကို မှီခိုအားထားလာတာ မြင်တွေ့နိုင်ပါတယ်။ Android လောကနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ Apple ရဲ့ MP ကိန်းဂဏန်းအရေအတွက်က အတော်ဝေးဝေးမှာ ပြတ်ကျန်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

အခုတော့ Cupertino ကုမ္ပဏီကြီးဟာ သူ့ရဲ့ မျိုးဆက်သစ် iPhone တွေမှာ 48MP sensors ကို အဓိကကင်မရာအတွက် ရည်ရွယ်လာပြီလို့ သိရပါတယ်။ ဒီအပြောင်းအလဲကို iPhone 14 Pro မှာ မြင်တွေ့ရဖွယ်ရှိတယ်လို့ Apple ရဲ့ သတင်းတွေကို အဓိကထားလေ့လာဖော်ပြနေတဲ့ Ming-Chi Kuo က ဆိုပါတယ်။

48MP sensors တွေဟာ Pixel-binning လုပ်ပြီး 12MP images တွေ ထုတ်ပေးနေတယ်ဆိုပေမဲ့ ဓါတ်ပုံရိုက်ကူးမှုဆိုင်ရာ တွက်ချက်မှုမှာတော့ ပိုပြီးတိကျသေချာတဲ့အချက်အလက်တွေကို စုဆောင်းစေနိုင်တာလည်း ဖြစ်ပါတယ်။ Apple အနေနဲ့ 48-megapixel ကြည်လင်ပြတ်သားတဲ့ရုပ်ပုံကို ရိုက်ကူးနိုင်တဲ့ “48MP” feature ကို ထည့်သွင်းလာနိုင်တယ်လို့ Kuo က မှတ်ချက်ပေးခဲ့တာပါ။

တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့ စမတ်ဖုန်းနည်းပညာတစ်ခုဖြစ်တဲ့ Periscope lens ကို မိတ်ဆက်သွားဖို့လည်း ကုမ္ပဏီအနေနဲ့ လှုပ်ရှားလာဖွယ်ရှိပါတယ်။ ဒါကို iPhone 15 series တွေမှာ တွေ့မြင်ရဖွယ်ရှိတယ်လို့ ဆိုတာကြောင့် အနည်းဆုံးတော့ လာမဲ့ ၂၀၂၃ အထိစောင့်ဆိုင်းရနိုင်ပါတယ်။

ဒါပေမဲ့ Kuo မှာ ဒီအကြောင်းနဲ့ပတ်သက်တဲ့ နောက်ထပ်အချက်အလက်တွေ ဖော်ပြစရာမရှိသေးတာပါပဲ။ အခုအချိန်မှာတော့ iPhone 13 Pro Max ရဲ့ Telephoto camera ဟာ 3x အထိထောက်ပံ့ထားတယ်ဆိုပေမဲ့ အနာဂတ်မှာ အံဝင်ဖို့ရုန်းကန်လာရဖွယ်ရှိပါတယ်။

Ref: GSM Arena