Apple ဟာ တန်ဖိုးနည်း iPhone SE Series ကို ထုတ်လုပ်ရောင်းချနေပြီး လက်ရှိအချိန်အထိ မော်ဒယ် ၂ ခု ရောင်းချထားပါတယ်။ တတိယမျိုးဆက်ကို နောက်နှစ်မှာ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ iPhone SE 3 ကို မကြာခင် အစမ်းထုတ်လုပ်တော့မယ်လို့ သတင်းထွက်လာပြီး အဲဒီ စမတ်ဖုန်းအတွက် အစိတ်အပိုင်းတွေကို Apple ရဲ့ မိတ်ဖက် ကုမ္ပဏီတွေက စတင် ပြင်ဆင်နေပြီလို့ သိရပါတယ်။

Apple iPhone SE (2020)

ပေါက်ကြားနေတဲ့ သတင်းတွေအရ iPhone SE 3 မှာ ၄.၇ လက်မ Retina HD LCD မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး လက်ဗွေရာ ကိရိယာ မြှပ်နှံထားတဲ့ Home Button ပါလာနိုင်ပါတယ်။ iPhone SE 3 ဟာ LCD မျက်နှာပြင်နဲ့ Home Button ပါတဲ့ နောက်ဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Here's everything we know about the low-cost 5G iPhone SE 3 coming 2022 -  9to5Mac

iPhone SE 3 မှာ Apple A15 Processor မောင်းနှင်ထားနိုင်ပြီး 3GB RAM ပါလာနိုင်ပါတယ်။ Plus Version မှာ 4GB RAM ထည့်သွင်းထားနိုင်ပါတယ်။ Chipset မှာ 5G ဆက်သွယ်မှု ပါလာနိုင်ပြီး အနောက်ဘက်မှာ 12MP ကင်မရာ ၁ လုံးပဲ တပ်ဆင်ထားနိုင်ပါတယ်။

J.P Morgan က iPhone SE 3 ဟာ စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် Android စမတ်ဖုန်း သုံးစွဲသူ ၁.၄ ဘီလီယမ်နီးပါးနဲ့ iPhone အဟောင်း ကိုင်ထားတဲ့ လူပေါင်း သန်း ၃၀၀ ကို စွဲဆောင်နိုင်မယ်လို့ မကြာခင်က ခန့်မှန်းလိုက်ပါတယ်။ iPhone Series ထဲမှာ iPhone SE Series ဟာ ဈေးသိပ်မကြီးတဲ့အတွက် iPhone လည်း ကိုင်ချင်တယ်၊ ဈေးသိပ်မကြီးတာကို လိုချင်သူတွေအတွက် ရွေးချယ်စရာ ဖြစ်ပါတယ်။

Ref : gizmochina