Apple ကနေ ထုတ်လုပ်နေတဲ့ iPad တွေဟာ Entry Model က စပြီး High End iPad Pro တွေအထိ Tablet စျေးကွက်ကို အပိုင်သိမ်းထားနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ Screen Size ကလည်း သိသိသာသာကြီးမားလာတဲ့အတွက် iPad Mini လိုမျိုး Tablet တွေက ရေပန်းစားမှုလျော့ကျသွားတယ်လို့ ပြောနိုင်ပါတယ်။

အဲ့ဒီအတွက် Apple ကနေ မိတ်ဆက်ဖို့ရှိနေတဲ့ iPad Design အသစ်တွေမှာ ထူးခြားတဲ့သတင်းတစ်ခုလည်း ပေါက်ကြားလာခဲ့ပါတယ်။ ဒါကတော့ Apple ကနေ iPad တွေကို လက်ရှိထက် ပိုမိုကြီးမားတဲ့ Screen Size နဲ့ ထုတ်လုပ်သွားဖို့စဥ်းစားနေတာပဲဖြစ်ပါတယ်။ ယခုသတင်းကို Apple သတင်းတွေကို ထုတ်ဖော်နေကြဖြစ်တဲ့ Bloomberg Media က Mark Gurman ကိုယ်တိုင်ပြောကြားခဲ့တာဖြစ်ပါတယ်။

Apple ဟာ လက်ရှိအချိန်အထိ မိတ်ဆက်ထားတဲ့အထဲမှာ 12.9″ iPad Pro က Screen Size အကြီးမားဆုံးဖြစ်နေပြီးတော့ လက်မှာကိုင်ထားဖို့ထက် Keyboard နဲ့ တွဲဖက်အသုံးပြုဖို့ပိုပြီး သင့်တော်တယ်လို့ ပြောရမှာပါ။ အဲ့ဒါကြောင့် တကယ်လို့သာ Apple က Screen Size ပိုကြီးမားတဲ့ iPad တွေကို မိတ်ဆက်လာမယ်ဆိုရင် Tablet အနေနဲ့ လက်မှာကိုင်ပြီး အသုံးပြုဖို့က ပိုပြီးခဲယဥ်းလာနိုင်ပါတယ်။

Mark Gurman ကတော့ iPad အသစ်တွေရဲ့ Screen Size က ဘယ်လောက်အထိရှိလာမလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပေမယ့် ဖြစ်နိုင်ခြေများနေတာကတော့ 14″ ကနေ 16″ ဝန်းကျင်အထိ ရှိလာနိုင်ပါတယ်။ ဒါက လာမယ့် ၂၀၂၂ ခုနှစ်မှာ iPad Pro အသစ်တွေကို Glass Body နဲ့ Wireless Charging တွေပါ ထည့်သွင်းသွားဖို့ရှိနေတဲ့အတွက် အဲ့ဒီအချိန်မှာ Screen Size ပိုကြီးမားတဲ့ Design အသစ်ကို မိတ်ဆက်လာနိုင်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Engadget