[Zawgyi]

Apple အေနနဲ႔ ဒီဇိုင္းအပိုင္း ေျပာင္းလဲမႈေတြ ျပဳလုပ္ထားမယ့္ MacBook Pro အသစ္ေတြကို ဒီႏွစ္ထဲမွာ မိတ္ဆက္ႏိုင္ဖို႔ ျပင္ဆင္ေနေၾကာင္း Apple အေၾကာင္းအရာေတြကို ေလ့လာဆန္းစစ္ေနသူတစ္ဦးျဖစ္တဲ့ Ming-Chi Kuo က ေျပာၾကားခဲ့ပါတယ္။

2019 MacBook Pro ေတြရဲ႕ Display ဟာ ၁၆လက္မကေန ၁၆.၅လက္မအထိ ရွိႏိုင္တယ္လို႔ ေျပာၾကားခဲ့တဲ့အတြက္ အဆိုပါ MacBook Pro ဟာ ၂၀၁၂ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ ၁၇လက္မ Mac Notebook ၿပီးရင္ Display အႀကီးဆုံး MacBook ျဖစ္လာမွာပါ။ ဒါ့အျပင္ Kuo က 2019 MacBook Pro ေတြမွာ RAM 32GB အထိ ေထာက္ပံ့ေပးထားမယ့္ ၁၃လက္မ ေမာ္ဒယ္ေတြကိုလည္း ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ ခန္႔မွန္းေျပာဆိုခဲ့ပါေသးတယ္။ လက္ရွိအခ်ိန္မွာေတာ့ ၁၅လက္မ MacBook Pro ေတြကသာ အဆိုပါ RAM ပမာဏကို ေထာက္ပံ့ေပးႏိုင္တာ ျဖစ္ပါတယ္။ ကာလရွည္ၾကာ ေမွ်ာ္လင့္ေစာင့္စားခဲ့ရတဲ့ Mac Pro အသစ္ေတြကိုလည္း ဒီႏွစ္ထဲမွာ ျမင္ေတြ႕ရမွာျဖစ္ၿပီး၊ အဆိုပါ Mac Pro ရဲ႕ အစိတ္အပိုင္းေတြကို အလြယ္တကူ အဆင့္ျမႇင့္တင္ႏိုင္မယ္လို႔ သိရပါတယ္။

Apple နဲ႔ ပတ္သတ္ၿပီး ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့ တစ္ခ်က္ကေတာ့ Apple ဟာ Display ေစ်းကြက္ထဲကို ျပန္လည္ဝင္ေရာက္လာေတာ့မယ္ဆိုတဲ့ သတင္းပါပဲ။ Apple အေနနဲ႔ Micro LED ထက္ပိုေကာင္းတဲ့ Mini LED ေတြကို အသုံးျပဳထားမယ့္ ၃၁.၆လက္မ 6K Monitor နဲ႔ 3K Monitor ေတြကို ဒီႏွစ္ထဲမွာ မိတ္ဆက္သြားမွာ ျဖစ္ေၾကာင္း Kuo က ေျပာၾကားခဲ့ပါတယ္။ Apple ေနာက္ဆုံးထုတ္လုပ္ခဲ့တဲ့ Monitor ကေတာ့ Thunderbolt Monitor ျဖစ္ၿပီး၊ ၂၀၁၆ခုႏွစ္မွာ ထုတ္လုပ္မႈကို အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ရပ္ဆိုင္းခဲ့ရပါတယ္။

Kuo က Apple MacBook Pro, Mac Pro နဲ႔ Monitor ေတြရဲ႕ အေၾကာင္းကိုပဲ ခန္႔မွန္းေျပာဆိုသြားတာ မဟုတ္ပါဘူး။ 2019 iPhone, iPads, iPods နဲ႔ AirPods ေတြအေၾကာင္းကိုလည္း ခန္႔မွန္းေျပာဆိုသြားပါေသးတယ္။ အဆိုပါ အေၾကာင္းေတြကို သိလိုပါက ဒီလင့္မွာ ဖတ္ရႈ႕ႏိုင္ပါတယ္။

Ref : TheVerge

[Unicode]

၁၆လက်မ MacBook Pro ဒီဇိုင်းအသစ်နဲ့ ၃၂လက်မ 6K Monitor တွေကို ပြန်လည်ပွဲထုတ်လာနိုင်တဲ့ Apple

Apple အနေနဲ့ ဒီဇိုင်းအပိုင်း ပြောင်းလဲမှုတွေ ပြုလုပ်ထားမယ့် MacBook Pro အသစ်တွေကို ဒီနှစ်ထဲမှာ မိတ်ဆက်နိုင်ဖို့ ပြင်ဆင်နေကြောင်း Apple အကြောင်းအရာတွေကို လေ့လာဆန်းစစ်နေသူတစ်ဦးဖြစ်တဲ့ Ming-Chi Kuo က ပြောကြားခဲ့ပါတယ်။

2019 MacBook Pro တွေရဲ့ Display ဟာ ၁၆လက်မကနေ ၁၆.၅လက်မအထိ ရှိနိုင်တယ်လို့ ပြောကြားခဲ့တဲ့အတွက် အဆိုပါ MacBook Pro ဟာ ၂၀၁၂ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ၁၇လက်မ Mac Notebook ပြီးရင် Display အကြီးဆုံး MacBook ဖြစ်လာမှာပါ။ ဒါ့အပြင် Kuo က 2019 MacBook Pro တွေမှာ RAM 32GB အထိ ထောက်ပံ့ပေးထားမယ့် ၁၃လက်မ မော်ဒယ်တွေကိုလည်း ရွေးချယ်ဝယ်ယူနိုင်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့ ၁၅လက်မ MacBook Pro တွေကသာ အဆိုပါ RAM ပမာဏကို ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ ကာလရှည်ကြာ မျှော်လင့်စောင့်စားခဲ့ရတဲ့ Mac Pro အသစ်တွေကိုလည်း ဒီနှစ်ထဲမှာ မြင်တွေ့ရမှာဖြစ်ပြီး၊ အဆိုပါ Mac Pro ရဲ့ အစိတ်အပိုင်းတွေကို အလွယ်တကူ အဆင့်မြှင့်တင်နိုင်မယ်လို့ သိရပါတယ်။

Apple နဲ့ ပတ်သတ်ပြီး နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ တစ်ချက်ကတော့ Apple ဟာ Display စျေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာတော့မယ်ဆိုတဲ့ သတင်းပါပဲ။ Apple အနေနဲ့ Micro LED ထက်ပိုကောင်းတဲ့ Mini LED တွေကို အသုံးပြုထားမယ့် ၃၁.၆လက်မ 6K Monitor နဲ့ 3K Monitor တွေကို ဒီနှစ်ထဲမှာ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း Kuo က ပြောကြားခဲ့ပါတယ်။ Apple နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Monitor ကတော့ Thunderbolt Monitor ဖြစ်ပြီး၊ ၂၀၁၆ခုနှစ်မှာ ထုတ်လုပ်မှုကို အကြောင်းအမျိူးမျိူးကြောင့် ရပ်ဆိုင်းခဲ့ရပါတယ်။

Kuo က Apple MacBook Pro, Mac Pro နဲ့ Monitor တွေရဲ့ အကြောင်းကိုပဲ ခန့်မှန်းပြောဆိုသွားတာ မဟုတ်ပါဘူး။ 2019 iPhone, iPads, iPods နဲ့ AirPods တွေအကြောင်းကိုလည်း ခန့်မှန်းပြောဆိုသွားပါသေးတယ်။ အဆိုပါ အကြောင်းတွေကို သိလိုပါက ဒီလင့်မှာ ဖတ်ရှု့နိုင်ပါတယ်။

Ref : TheVerge