Apple Maps ဟာ Google Maps ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။ အခုတော့ Google Maps မှာ မရှိသေးတဲ့ လုပ်ဆောင်ချက် အသစ် ၁ ခုကို Apple Maps မှာ ထည့်သွင်းတော့မှာပါ။ အဲဒါကတော့ ကြော်ငြာ ဖြစ်ပြီး User တွေကတော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။

Apple Maps

Apple ဟာ Maps မှာ ကြော်ငြာတွေကို နောက်နှစ် ကနေ စတင်ပြသဖို့ ပြင်ဆင်နေပါတယ်။ Bloomberg ရဲ့ Mark Gurman က Apple ရဲ့ အင်ဂျင်နီယာ အဖွဲ့ဟာ Maps မှာ ရှာဖွေမှု ပြုလုပ်ရင် ကြော်ငြာတွေ ပြသဖို့ ဖန်တီးနေကြတယ်လို့ ပြောပါတယ်။

Apple search ads grow during privacy changes - Doha Roots

Apple ဟာ App Store မှာလည်း ကြော်ငြာတွေ ထည့်သွင်းထားပါတယ်။ Developer တွေက Apple ကို အခကြေးငွေပေးကာ သူတို့ရဲ့ App တွေကို ရှာဖွေမှုရလဒ်မှာ ထိပ်ဆုံးက ပြသပေးအောင် ပြုလုပ်ထားနိုင်ပါတယ်။ Maps မှာလည်း အလားတူပဲ ဖြစ်လာနိုင်ပြီး စီးပွားရေး လုပ်ငန်းတွေဟာ Maps မှာ ရှာဖွေမှုပြုလုပ်တဲ့အခါ သူတို့ရဲ့ လုပ်ငန်းတွေကို ထိပ်ဆုံးမှာ ပြသပေးအောင် ကြော်ငြာနိုင်ပါတယ်။

Apple ဟာ ကြော်ငြာ ဝင်ငွေ တိုးတက်အောင် စီစဉ်နေပါတယ်။ လက်ရှိမှာ ကုမ္ပဏီရဲ့ ကြော်ငြာဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၄ ဘီလီယမ် ဝန်းကျင် ရှိပါတယ်။ ကြော်ငြာ ဌာနကို ဦးဆောင်နေတဲ့ Todd Teresi က တစ်နှစ်ကို ကြော်ငြာ ဝင်ငွေ ဒေါ်လာ ၁၀ ဘီလီယမ် အနည်းဆုံးရဖို့ ရည်ရွယ်ထားပါတယ်။

Ref : gizmochina