Apple က USB-C ပါတဲ့ Apple Pencil အသစ်ကို ကြေညာလိုက်ပါတယ်။ Apple ဟာ ပထမမျိုးဆက် Apple Pencil ကို ၉၉ ဒေါ်လာ၊ ပိုမို စွမ်းရည်မြင့်တဲ့ ဒုတိယမျိုးဆက် မော်ဒယ်ကို ၁၂၉ ဒေါ်လာနဲ့ ရောင်းချထားပြီး အခုမော်ဒယ် အသစ်ကို ၇၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

DailyTekk on X: "The new USB-C Apple Pencil is interesting… No pressure sensitivity (which even the Gen 1 has), no double tap and no wireless charging (obv). It's $79 ($69 for edu)

အခု Apple Pencil အသစ်ကို USB-C ကနေ အားသွင်းရမှာ ဖြစ်ပြီး ကြိုးမဲ့ အားသွင်း စနစ် မပါလာပါဘူး။ မော်ဒယ် အသစ်ဟာ M2 iPad Pro မော်ဒယ်တွေမှာ Hover လုပ်ဆောင်ချက်ကို ထောက်ပံ့ထားပြီး အသုံးမပြုတဲ့ အချိန်မှာ တက်ဘလက် ဘေးဘက်မှာ သံလိုက်နဲ့ ကပ်ထားနိုင်ပါတယ်။ မကောင်းတဲ့အချက်က ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက် Apple Pencil မော်ဒယ်တွေမှာ ပါတဲ့ Pressure Sensitivity မပါလာတာပါ။

New Apple Pencil Announced With Hidden USB-C Port and More for $79 - MacRumors

USB-C Apple Pencil အသစ်ရဲ့ အရွယ်အစားက 7.5x 155mm ဖြစ်ပြီး အလေးချိန်က ၂၀.၅ ဂရမ် ဖြစ်ပါတယ်။ ဒါဟာ Apple Pencil 2 နဲ့ ဆင်တူပါတယ်။ USB-C Apple Pencil ကို နိုဝင်ဘာလ အစောပိုင်းမှာ ရောင်းချမှာ ဖြစ်ပြီး အောက်ပါ iPad တွေနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

  • iPad (2022)
  • iPad Air (2022)
  • iPad Air (2020)
  • iPad mini (2021)
  • iPad Pro 12.9 (2022)
  • iPad Pro 11 (2022)
  • iPad Pro 12.9 (2021)
  • iPad Pro 11 (2021)
  • iPad Pro 12.9 (2020)
  • iPad Pro 11 (2020)
  • iPad Pro 12.9 (2018)
  • iPad Pro 11 (2018)

ref : gsmarena