Apple ဟာ macOS 12 Monterey ကို Apple Silicon နဲ့ Intel Processor တွေပါတဲ့ Compatible Mac တွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Compatible Machine ရှိတဲ့ လူတိုင်းဟာ အခမဲ့ ရယူနိုင်မှာပါ။

Apple releases macOS Monterey for Apple silicon and Intel-based Macs

macOS Monterey မှာ လုပ်ဆောင်ချက်အသစ်တွေ ပါလာသလို တိုးတက်မှုတွေ ထည့်သွင်းထားပါတယ်။ ပထမဆုံး အနေနဲ့ SharePlay အကြောင်းကို စပြောချင်ပြီး iOS နဲ့ iPadOS တွေမှာ ရရှိပါပြီ။ ဒီလုပ်ဆောင်ချက်က FaceTime Call မှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းနားထောင်တာ၊ ရုပ်ရှင်နဲ့ TV Show တွေကြည့်တာတွေ ပြုလုပ်နိုင်ပါတယ်။ FaceTime Call မှာ Spatial Audio ထောက်ပံ့ထားတဲ့အတွက် ရုပ်ရှင်ရုံထဲက အတိုင်း အသံထွက်တွေကို ခံစားရမှာပါ။

Apple releases macOS Monterey for Apple silicon and Intel-based Macs

FaceTime မှာ Background Noise ကို ဖယ်ရှားပေးတဲ့ Voice Isolation ပိုကောင်းလာပြီး Wide Spectrum က အသံတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ထုတ်လုပ်ပေးပါတယ်။ Portrait Mode ကို Webex နဲ့ Zoom မှာ ရရှိနိုင်ပြီဖြစ်ပြီး Group Call အတွက် Grid View အသစ် ပါလာပါတယ်။

Apple releases macOS Monterey for Apple silicon and Intel-based Macs

Universal Control လုပ်ဆောင်ချက်က Mac နဲ့ iPad အကြားမှာ တူညီတဲ့ Mouse နဲ့ Keyboard ကို အသုံးပြုခွင့်ပေးနိုင်ပါတယ်။ အဲဒီ Device တွေကို ဘေးချင်းယှဉ်ထားရမှာ ဖြစ်ပြီး OS က Screen ရဲ့ ထောင့်စွန်းကို Mouse ရွှေ့လိုက်တာကို သိနားလည်ကာ သင်သုံးချင်တဲ့ Device ကို ပြောင်းပေးမှာပါ။ AirPlay က Apple TV မှာလို iPhone , iPad က Content တွေကို Mac မှာ ကြည့်ရှုလို့ရစေပါတယ်။

Apple releases macOS Monterey for Apple silicon and Intel-based Macs

macOS Monterey မှာ Live Text နဲ့ Visual Look Up တို့လို iOS 15 က လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ Live Text က ဖုန်းနံပါတ်၊ Website ၊ လိပ်စာ အပါအဝင် ဓါတ်ပုံတွေက စာသားတွေကို အာရုံခံနိုင်ပြီး Search Engine မှာ ရှာဖွေတာ၊ Copy/Paste လုပ်တာတွေ ပြုလုပ်နိုင်စေပါတယ်။ Visual Look Up က ဓါတ်ပုံတွေက တိရိစ္ဆာန်၊ အနုပညာလက်ရာ၊ အထင်ကရ အဆောက်အဦး၊ သစ်ပင်တွေကို အာရုံခံနိုင်ပြီး အဲဒီ အရာတွေနဲ့ ပတ်သက်တာတွေကို လေ့လာနိုင်ပါတယ်။

Apple releases macOS Monterey for Apple silicon and Intel-based Macs

Safari ကို အဆင့်မြှင့်ထားပြီး UI အသစ်ပါလာကာ Tab Management ပိုကောင်းလာပါတယ်။ Privacy Protection ပိုတိုးတက်လာအောင် ပြုလုပ်ပေးထားပါတယ်။

Mac App Store ကနေ macOS Monterey ကို Download လုပ်နိုင်ပါပြီ။

Ref : gsmarena