Apple က ကိုယ်ပိုင် 5G Modem ကို ဖန်တီးနေတာ အချိန်တစ်ခု ကြာနေပြီ ဖြစ်ပြီး ကိုယ်တိုင်ထုတ် 5G Chip ပါတဲ့ iPhone ကို မထုတ်လုပ်နိုင်သေးပါဘူး။ Apple ဟာ 5G Modem အတွက် လက်ရှိမှာ Qualcomm ကို မှီခိုနေရပါတယ်။

Kuo: Apple-Designed 5G Modem for iPhones to Debut in 2025 - MacRumors

အခုတော့ နာမည်ကြီး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ ၂၀၂၅ ခုနှစ်မှာ ကိုယ်တိုင်ထုတ် 5G Modem ကို စတင် အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ အဲဒီအတွက် iPhone 15 နဲ့ နောက်နှစ်ထွက်မယ့် iPhone 16 Series မှာ Qualcomm ရဲ့ 5G Modem ကိုပဲ သုံးထားမှာပါ။ iPhone 17 ဟာ Apple ကိုယ်တိုင်ထုတ် 5G Modem ပါတဲ့ ပထမဆုံး iPhone ဖြစ်လာမှာပါ။ iPhone SE 4 မှာလည်း Apple ကိုယ်တိုင်ထုတ် 5G Chip ပါလာနိုင်ပါတယ်။

Apple 5G Modem ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ Apple ရဲ့ 5G Chip ဟာ Qualcomm ရဲ့ 5G Chip ထက် ပိုကောင်းမလားဆိုတာလည်း မသိသေးပါဘူး။

Apple's in-house 5G iPhone modems continue to be years away from release

ဒီနှစ် အစောပိုင်းမှာ Apple ဟာ iPhone ရဲ့  Bluetooth နဲ့ WiFi ဆက်သွယ်မှုအတွက် ကိုယ်ပိုင် Wireless Chip ကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ Apple ရဲ့ ကိုယ်တိုင်ထုတ် Wireless Chip ကို ၂၀၂၅ ခုနှစ်မှာ iPhone တွေမှာ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။

Apple ဟာ ထုတ်လုပ်မှု ကုန်ကျစားရိတ်သက်သာစေဖို့ Wireless နဲ့ Cellular Chip တွေကို ပေါင်းစည်းဖို့လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။

Ref : gsmarena