အမေရိကန် တရားရေး ဌာန က စမတ်ဖုန်း ဈေးကွက်မှာ တရားမျှတမှု မရှိဘူးလို့ စွပ်စွဲကာ Apple ကို တရားစွဲခဲ့ပြီးနောက် Apple ဟာ အံ့အားသင့်စရာကောင်းတဲ့ အကြောင်းအရာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Watch - Apple

အမေရိကန် တရားရေး ဌာနက “ Apple Watch ကို iPhone နဲ့ပဲ တွဲဖက် အသုံးပြုနိုင်ပါတယ်။ လူတစ်ယောက်ဟာ Apple Watch ဝယ်ပြီးရင် သူနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ iPhone ကိုပါ ဝယ်ယူရပါတယ်။ ဒါဟာ ငွေကုန်ကြေးကျများစေပါတယ်။ “ လို့ ဝေဖန်ပါတယ်။

Apple Watch 8 review: A sleeper hit, even if it doesn't match Samsung's sensors | ZDNET

Apple ဟာ နှစ်ပေါင်းများစွာကြာ တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့ပြီး သူ့ရဲ့ Device တွေကို Apple ကုန်ပစ္စည်း မဟုတ်တဲ့ Device တွေနဲ့ တွဲဖက် အသုံးပြုလို့ မရအောင် သို့မဟုတ် အလွန်ခက်ခဲအောင်ပြုလုပ်ခဲ့ပါတယ်။ အခုတော့ Apple က Android ဖုန်းတွေနဲ့ Apple Watch ကို တွဲဖက် အသုံးပြုနိုင်အောင် ကြိုးစားခဲ့တယ်လို့ ပြောလာပါတယ်။

Apple က Android ဖုန်းနဲ့ Apple Watch တွဲဖက် အသုံးပြုနိုင်ဖို့ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေရှိပါတယ်။ အဲဒီအတွက် Android ဖုန်းနဲ့ Apple Watch တွဲဖက် အသုံးပြုဖို့ ကြိုးစားနေပေမယ့် မအောင်မြင်သေးတာ ဖြစ်ပါတယ်လို့ Apple က ရှင်းပြပါတယ်။

Ref : gsmarena