Apple ဟာ လက်ရှိအချိန်မှာ Netflix ၊​ Disney+ လိုမျိုး Streaming Service တွေကို ယှဥ်ပြိုင်ဖို့အတွက် Apple TV+ ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ Apple TV+ ဟာ တခြားသော Streaming Platform တွေလောက် ရုပ်ရှင်တွေ၊ ဇတ်လမ်းတွေမရှိသေးပေမယ့်လည်း အရည်အသွေးမြင့်မားတဲ့ Content တွေကို ဆက်တိုက်တင်ဆက်နေတာကတော့ ငြင်းမရပါဘူး။

ဒါပေမယ့်လည်း Apple TV+ အသုံးပြုသူတွေဟာ လက်ရှိအချိန်မှာ အလွန်နည်းပါးနေပြီးတော့ ဒါကလည်း Apple iPhone ၊ iPad နဲ့ Mac လိုမျိုး Apple Device အသုံးပြုနေတဲ့သူတွေ Apple TV Device ကို ဝယ်ယူထားတဲ့သူတွေလောက်ပဲ ကြည့်ရှုနိုင်တာကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် Apple ကနေ ပိုပြီး ကြည့်ရှုသူတွေများပြားလာစေဖို့အတွက် ပြောင်းလဲမှုတွေကို ပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။

ဒါကတော့ Apple ကနေ Android အသုံးပြုသူတွေအတွက် Apple TV App ကို ထုတ်သွားဖို့ စီစဥ်နေတာပဲဖြစ်ပါတယ်။ Twitter Tipster တစ်ဦးဖြစ်တဲ့ ShrimpApplePro ရဲ့ ဖော်ပြချက်အရတော့ လက်ရှိအချိန်မှာ Apple ကနေ အဆိုပါ Android အတွက် TV App ကို Internal Beta Testing ပြုလုပ်နေပြီဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ တရားဝင်မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Apple TV App ဟာ Android TV Platform ပေါ်မှာ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် Apple ဟာ လာမယ့်နှစ်အတွင်းမှာပဲ Apple TV App ကို Microsoft Windows အတွက်ပါ ထုတ်ပေးသွားဖို့ရှိနေတာကြောင့် နောက်ပိုင်းမှာ Apple Ecosystem Device တွေသုံးမှ Apple TV+ လိုမျိုး Service တွေကို သုံးနိုင်မှာမဟုတ်တော့ဘဲ ဘယ် Device မဆို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Ref – T3