[Zawgyi]

Apple ဟာ ပုံမွန္အားျဖင့္ေတာ့ ၁၄ ရက္အတြင္း ျပန္လဲလွယ္ႏိုင္တဲ့ အာမခံ မူဝါဒကို ခ်မွတ္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ Apple Watch Series 4 ေတြအတြက္ေတာ့ မူဝါဒကို အနည္းငယ္ ေျပာင္းလဲလိုက္ရတယ္လို႔ သိရပါတယ္။ Apple Watch Series 4 ေတြကို ဝယ္ယူထားသူေတြအေနနဲ႔ ဝယ္ယူၿပီးေန႔ကေန ၄၅ ရက္အတြင္း ျပန္လည္လဲလွယ္ခြင့္ ျပဳလိုက္တာပဲ ျဖစ္ပါတယ္။ (လဲလွယ္ခြင့္ဟာ ပစၥည္းျပန္အပ္၊ ေငြျပန္အမ္းစနစ္ျဖစ္ပါတယ္)

အတြင္းသတင္းေတြအရ Apple ဟာ Apple Store ေတြနဲ႔ အေရာင္းကိုယ္စားလွယ္ေတြဆီကို တရားဝင္ ေၾကညာစာပို႔ထားၿပီးၿပီလို႔ သိရပါတယ္။ ဒါေၾကာင့္ Apple Watch Series 4 ကို ဝယ္ယူထားသူေတြဟာ Apple ကို ဖုန္းနဲ႔ တိုက္႐ိုက္ဆက္သြယ္ၿပီးေတာ့ပဲျဖစ္ျဖစ္၊ Email နဲ႔ပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ Online Chat ကေနပဲျဖစ္ျဖစ္ တိုက္႐ိုက္ဆက္သြယ္သင့္တယ္လို႔ MacRumors ကလည္း ႏႈိးေဆာ္ထားတာကို ေတြ႕ရပါတယ္။

Apple ဟာ Watch OS 5.1.2 Update နဲ႔အတူ ECG Function ကို ေထာက္ပံ့ေပးေတာ့မယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ MyTech Myanmar ကေန ေဖာ္ျပေပးခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္ အခုထြက္ေပၚလာတဲ့ သတင္းအရ မၾကာခင္မွာ ရရွိေတာ့မယ့္ Apple ရဲ႕ ECG app ဟာ Apple Watch Series 4 ေတြမွာ ႏွလုံးခုန္ႏႈန္းကို မွန္ကန္စြာ မျပသႏိုင္တဲ့ ျပႆနာရွိတာေၾကာင့္ အခုလို စီစဥ္လိုက္ရတာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။ ဒီ Error ဟာ Watch Series 4 တိုင္းမွာ ျဖစ္တာလား၊ တစ္ခ်ိဳ႕တေလမွာသာ ျဖစ္ႏိုင္တာလားဆိုတာကိုလည္း ရွင္းလင္းစြာ မသိရေသးပါဘူး။

Apple အေနနဲ႔ သုံးစြဲသူက ECG ျပႆနာေၾကာင့္ လဲလွယ္လိုေၾကာင္း ေျပာလာခဲ့ရင္ ေငြျပန္အမ္းေပးလိုက္ဖို႔သာ ၫႊန္ၾကားထားေၾကာင္း သိရၿပီး အျခားအေသးစိတ္ၫႊန္ၾကားခ်က္ကို ထည့္သြင္းေဖာ္ျပထားျခင္း ရွိ၊မရွိကိုေတာ့ ရွင္းလင္းစြာ မသိရေသးတာလည္း ျဖစ္ပါတယ္။ Apple အေနနဲ႔ Watch OS 5.1.2 Beta Testing ျပဳလုပ္ၿပီးခ်ိန္မွာ ခ်ိဳ႕ယြင္းခ်က္ေတြကို ေတြ႕ရွိခဲ့တာေၾကာင့္ အခုလို ေၾကညာစာ ထုတ္လိုက္ရတာ ျဖစ္ႏိုင္ပါတယ္။

အေမရိကန္ႏိုင္ငံဟာ ECG ကို Apple Watch 4 မွာ ပထမဆုံး အသုံးျပဳႏိုင္တဲ့ ႏိုင္ငံ ျဖစ္လာဖြယ္ရွိၿပီး အျခားႏိုင္ငံမ်ားကေတာ့ ရႈပ္ေထြးတဲ့ စည္းမ်ဥ္းစည္းကမ္းပိုင္းဆိုင္ရာ အခ်ိဳ႕ေၾကာင့္ သုံးစြဲခြင့္ရဖို႔ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။ Apple က ECG Function ကို အသုံးျပဳသူေတြအေနနဲ႔ သက္ဆိုင္ရာ ဆရာဝန္တစ္ဦးဦးနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးမွ အသုံးျပဳသင့္ေၾကာင္း ကိုယ့္သေဘာနဲ႔ကိုယ္ သုံးစြဲၿပီး ဆုံးျဖတ္ခ်က္ခ်ျခင္းေတြ မျပဳလုပ္သင့္ေၾကာင္းလည္း တိုက္တြန္းထားတယ္လို႔ သိရပါတယ္။

Ref: GSMarena

[Unicode]

Apple ဟာ ပုံမှန်အားဖြင့်တော့ ၁၄ ရက်အတွင်း ပြန်လဲလှယ်နိုင်တဲ့ အာမခံ မူဝါဒကို ချမှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Apple Watch Series 4 တွေအတွက်တော့ မူဝါဒကို အနည်းငယ် ပြောင်းလဲလိုက်ရတယ်လို့ သိရပါတယ်။ Apple Watch Series 4 တွေကို ဝယ်ယူထားသူတွေအနေနဲ့ ဝယ်ယူပြီးနေ့ကနေ ၄၅ ရက်အတွင်း ပြန်လည်လဲလှယ်ခွင့် ပြုလိုက်တာပဲ ဖြစ်ပါတယ်။ (လဲလှယ်ခွင့်ဟာ ပစ္စည်းပြန်အပ်၊ ငွေပြန်အမ်းစနစ်ဖြစ်ပါတယ်

အတွင်းသတင်းတွေအရ Apple ဟာ Apple Store တွေနဲ့ အရောင်းကိုယ်စားလှယ်တွေဆီကို တရားဝင် ကြေညာစာပို့ထားပြီးပြီလို့ သိရပါတယ်။ ဒါကြောင့် Apple Watch Series 4 ကို ဝယ်ယူထားသူတွေဟာ Apple ကို ဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြီးတော့ပဲဖြစ်ဖြစ်၊ Email နဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် Online Chat ကနေပဲဖြစ်ဖြစ် တိုက်ရိုက်ဆက်သွယ်သင့်တယ်လို့ MacRumors ကလည်း နှိုးဆော်ထားတာကို တွေ့ရပါတယ်။

Apple ဟာ Watch OS 5.1.2 Update နဲ့အတူ ECG Function ကို ထောက်ပံ့ပေးတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ MyTech Myanmar ကနေ ဖော်ပြပေးခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ သတင်းအရ မကြာခင်မှာ ရရှိတော့မယ့် Apple ရဲ့ ECG app ဟာ Apple Watch Series 4 တွေမှာ နှလုံးခုန်နှုန်းကို မှန်ကန်စွာ မပြသနိုင်တဲ့ ပြဿနာရှိတာကြောင့် အခုလို စီစဉ်လိုက်ရတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ဒီ Error ဟာ Watch Series 4 တိုင်းမှာ ဖြစ်တာလား၊ တစ်ချို့တလေမှာသာ ဖြစ်နိုင်တာလားဆိုတာကိုလည်း ရှင်းလင်းစွာ မသိရသေးပါဘူး။

Apple အနေနဲ့ သုံးစွဲသူက ECG ပြဿနာကြောင့် လဲလှယ်လိုကြောင်း ပြောလာခဲ့ရင် ငွေပြန်အမ်းပေးလိုက်ဖို့သာ ညွှန်ကြားထားကြောင်း သိရပြီး အခြားအသေးစိတ်ညွှန်ကြားချက်ကို ထည့်သွင်းဖော်ပြထားခြင်း ရှိ၊မရှိကိုတော့ ရှင်းလင်းစွာ မသိရသေးတာလည်း ဖြစ်ပါတယ်။ Apple အနေနဲ့ Watch OS 5.1.2 Beta Testing ပြုလုပ်ပြီးချိန်မှာ ချို့ယွင်းချက်တွေကို တွေ့ရှိခဲ့တာကြောင့် အခုလို ကြေညာစာ ထုတ်လိုက်ရတာ ဖြစ်နိုင်ပါတယ်။

အမေရိကန်နိုင်ငံဟာ ECG ကို Apple Watch 4 မှာ ပထမဆုံး အသုံးပြုနိုင်တဲ့ နိုင်ငံ ဖြစ်လာဖွယ်ရှိပြီး အခြားနိုင်ငံများကတော့ ရှုပ်ထွေးတဲ့ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ အချို့ကြောင့် သုံးစွဲခွင့်ရဖို့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ Apple က ECG Function ကို အသုံးပြုသူတွေအနေနဲ့ သက်ဆိုင်ရာ ဆရာဝန်တစ်ဦးဦးနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ အသုံးပြုသင့်ကြောင်း ကိုယ့်သဘောနဲ့ကိုယ် သုံးစွဲပြီး ဆုံးဖြတ်ချက်ချခြင်းတွေ မပြုလုပ်သင့်ကြောင်းလည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။

 

Ref: GSMarena