[Zawgyi]

Apple က လုပ္ေဆာင္ခ်က္အသစ္ေတြ ပါတဲ့ Watch Series 5 ကို ေၾကညာလိုက္ပါၿပီ။ မ်က္ႏွာျပင္ကို ထိစရာ မလိုဘဲ ၊ လက္ကို ပင့္တင္စရာမလိုဘဲ အခ်ိန္နဲ႔ အေရးႀကီး သတင္းအခ်က္အလက္ေတြကို ျပသေပးတဲ့ Always-on Display ပါပါတယ္။ လက္ကို ေအာက္ခ်လိုက္တာနဲ႔ Display ကို အလိုလို Dim လုပ္ေပးၿပီး လက္ကို ပင့္တင္လိုက္တာနဲ႔ အလိုလို Full Brightness ကို ေျပာင္းေပးတဲ့ လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။

တည္ေနရာကို ေျခရာခံရာမွာ ပိုတိက်လာတဲ့ Location Feature အသစ္ ထည့္ထားပါတယ္။ Display က စြမ္းအင္စားသံုးမႈ သက္သာေအာင္ ဖန္တီးထားပါတယ္။ Display နဲ႔ အျခား အဆင့္ျမင့္ နည္းပညာေတြ ေပါင္းစပ္ၿပီး Always-on Display ကို ပံ့ပိုးေပးထားပါတယ္။ Display အသစ္အတြက္ လိုက္ဖက္မယ့္ Watch Face ေတြကို ဖန္တီးေပးထားပါတယ္။ ဆန္းသစ္တဲ့ Hardware နဲ႔ Software Design ေတြေၾကာင့္ ၁ ခါအားအျပည့္သြင္းထားရင္ ၁၈ နာရီ အသံုးခံပါတယ္။

Watch Series 5 အတြက္ Aluminium, Stainless Steel, Ceramic နဲ႔  All-New Titanium Build အပါအ၀င္ ေမာ္ဒယ္မ်ားစြာ ထုတ္လုပ္ေပးထားပါတယ္။ watchOS 6 ထည့္သြင္းထားၿပီး Cycle Tracking , Noise App နဲ႔ Activity Trends တို႔လို ကိုယ္လက္လႈပ္ရွားမႈ တိုင္းတာျခင္းနဲ႔ က်န္းမာေရး ေစာင့္ေရွာက္တဲ့ လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။

တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ေတြအေနနဲ႔ အေမရိကန္မွာ Watch Series 5 (GPS) ကို ၃၉၉ ေဒၚလာနဲ႔ Watch Series 5 (GPS+ Cellular) ကို ၄၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ လက္ရွိေငြေပါက္ေစ်းအရ ျမန္မာေငြ ၆၀၀,၀၀၀ နဲ႔ ၇၆၀,၀၀၀ ေလာက္ ရွိပါတယ္။ Watch Series 5 (GPS) ကို Apple.com နဲ႔ Apple Stores ေတြကေန ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ၿပီး ေမာ္ဒယ္ ၂ ခုစလံုးကို ဒီလ ၂၀ မွာ စေရာင္းမွာပါ။

Ref : gizmochina

[Unicode]

Always-on Retina Display ပါတဲ့ Apple Watch Series 5 ကို ကြေညာပြီ

Apple က လုပ်ဆောင်ချက်အသစ်တွေ ပါတဲ့ Watch Series 5 ကို ကြေညာလိုက်ပါပြီ။ မျက်နှာပြင်ကို ထိစရာ မလိုဘဲ ၊ လက်ကို ပင့်တင်စရာမလိုဘဲ အချိန်နဲ့ အရေးကြီး သတင်းအချက်အလက်တွေကို ပြသပေးတဲ့ Always-on Display ပါပါတယ်။ လက်ကို အောက်ချလိုက်တာနဲ့ Display ကို အလိုလို Dim လုပ်ပေးပြီး လက်ကို ပင့်တင်လိုက်တာနဲ့ အလိုလို Full Brightness ကို ပြောင်းပေးတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။

တည်နေရာကို ခြေရာခံရာမှာ ပိုတိကျလာတဲ့ Location Feature အသစ် ထည့်ထားပါတယ်။ Display က စွမ်းအင်စားသုံးမှု သက်သာအောင် ဖန်တီးထားပါတယ်။ Display နဲ့ အခြား အဆင့်မြင့် နည်းပညာတွေ ပေါင်းစပ်ပြီး Always-on Display ကို ပံ့ပိုးပေးထားပါတယ်။ Display အသစ်အတွက် လိုက်ဖက်မယ့် Watch Face တွေကို ဖန်တီးပေးထားပါတယ်။ ဆန်းသစ်တဲ့ Hardware နဲ့ Software Design တွေကြောင့် ၁ ခါအားအပြည့်သွင်းထားရင် ၁၈ နာရီ အသုံးခံပါတယ်။

Watch Series 5 အတွက် Aluminium, Stainless Steel, Ceramic နဲ့ All-New Titanium Build အပါအဝင် မော်ဒယ်များစွာ ထုတ်လုပ်ပေးထားပါတယ်။ watchOS 6 ထည့်သွင်းထားပြီး Cycle Tracking , Noise App နဲ့ Activity Trends တို့လို ကိုယ်လက်လှုပ်ရှားမှု တိုင်းတာခြင်းနဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။

တန်ဖိုးအနည်းဆုံး မော်ဒယ်တွေအနေနဲ့ အမေရိကန်မှာ Watch Series 5 (GPS) ကို ၃၉၉ ဒေါ်လာနဲ့ Watch Series 5 (GPS+ Cellular) ကို ၄၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ လက်ရှိငွေပေါက်ဈေးအရ မြန်မာငွေ ၆၀၀,၀၀၀ နဲ့ ၇၆၀,၀၀၀ လောက် ရှိပါတယ်။ Watch Series 5 (GPS) ကို Apple.com နဲ့ Apple Stores တွေကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မော်ဒယ် ၂ ခုစလုံးကို ဒီလ ၂၀ မှာ စရောင်းမှာပါ။

Ref : gizmochina