Apple ဟာ Watch Series 7 ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ရောင်းချမယ်လို့ သတင်းတွေထွက်နေပေမယ့် ကုမ္ပဏီက အဲဒီ သတင်းကို တရားဝင် အတည်မပြုထားသေးပါဘူး။ အခုတော့ အဲဒီ စမတ်နာရီတွေရဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Facebook Group ၁ ခုကနေ ဓါတ်ပုံတွေ ထွက်လာတာ ဖြစ်ပြီး ပို့စ်တင်ပြီး သိပ်မကြာခင်မှာ ပို့စ်ကို ဖျက်လိုက်ပါတယ်။ ဒါပေမယ့်လည်း အွန်လိုင်းပေါ်ရောက်လာပြီးပြီ ဖြစ်တဲ့အတွက် အဲဒီ ဓါတ်ပုံတွေကို လေ့လာလို့ရလာပါတယ်။

apple-watch-series-7-real-life

Apple က Watch Series 7 ကို မရောင်းခင် လက်ရှိအချိန်မှာ Carrier Testing ပြုလုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။

Apple Watch Series 7 pre-orders begin next week, shipping starts  mid-October - GSMArena.com news

ပေါက်ကြားသတင်းတွေအရ Apple Watch Series 7 မှာ လေးထောင့်ကျတဲ့ ထောင့်စွန်းတွေ မပါလာဘဲ ကွေးညွှတ်နေမယ်လို့ သိခဲ့ရပါတယ်။ အခုထွက်လာတဲ့ ဓါတ်ပုံတွေမှာလည်း အဲဒီ ဒီဇိုင်းကို မြင်နေရပါတယ်။ အရင်ကတော့ အရောင်းမြှင့်တင်ဖို့ မျှဝေထားတဲ့ ရုပ်ပုံတွေကို လူတိုင်းမြင်တွေ့ခဲ့ရပေမယ့် အခု ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေမှာ Watch Series 7 ရဲ့ ဒီဇိုင်းကို အသေးစိတ်လေ့လာလို့ရလာပါတယ်။

Apple Watch Series 7 ရဲ့ CPU ဟာ Watch Series 6 နဲ့ တူညီမယ်လို့သိရပေမယ့် မျက်နှာပြင်အပိုင်းမှာ သိသိသာသာ ပိုကောင်းလာနိုင်ပါတယ်။ ဖုန်နဲ့ ရေမဝင်အောင်ကာကွယ်ပေးနိုင်တဲ့ IP6X စံနှုန်း တိုးတက်လာမှာ ဖြစ်ပြီး တခြား အစိတ်အပိုင်းတွေလည်း ပိုကောင်းလာမှာ သေချာပါတယ်။ Watch Series 7 ကို  Apple ‌ကြေညာမယ့် နေ့ကို ရင်ခုန်စွာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

Ref : gizmochina