Apple Watch Series 7 ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Apple ရဲ့ နောက်မျိုးဆက် စမတ်နာရီကို တရုတ်ရဲ့ နာမည်ကြီး အွန်လိုင်း စတိုး ဖြစ်တဲ့ JD.com မှာ ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။

Apple

Apple Watch Series 7 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို JD.com မှာ ၂,၉၉၉ ယွမ် သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၉ သိန်း ၁ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။ အရွယ်အစား ၂ မျိုး ထုတ်လုပ်ထားပြီး ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာတွေ ဖြစ်ပါတယ်။ IP6X စံနှုန်းပါလာပြီး ရေနဲ့ ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Retina LTPO OLED Capacitive Touchscreen တပ်ဆင်ထားပြီး Ion-X Glass နဲ့ ကာကွယ်ထားပါတယ်။

Apple Watch Series 7 Aluminum

Apple Watch Series 7 ကို စက်တင်ဘာလက ကြေညာခဲ့တာ ဖြစ်ပြီး တရုတ်မှာ Starlight, Midnight, Blue, Green နဲ့ Red စတဲ့ အရောင် ၅ မျိုး ထုတ်လုပ်ပေးထားပါတယ်။ လက်ပတ်ကြိုးအရောင်မျိုးစုံ ရွေးချယ်နိုင်မှာ ဖြစ်ပြီး Watch Faces များစွာ ပါပါတယ်။ Always on Display , Accelerometer, Gyro , Heart Rate Monitor , Barometer, Compass, SpO2 Sensor နဲ့ VO2max တွေ ထည့်သွင်းထားပြီး အလူမီနီယမ် ဖရိမ်နဲ့ တည်ဆောက်ထားပါတယ်။

Apple Watch Series 7 မှာ နောက်ဆုံးထုတ် watchOS 8 Interface ထည့်သွင်းထားပြီး သာမာန် သုံးရင် ၁၈ နာရီလောက် အသုံးခံပါတယ်။ အားသွင်းဖို့အတွက် USB Type C Port တပ်ဆင်ပေးထားပါတယ်။

Ref : gizmochina