မူလပထမ Apple Watch ကို ဖြန့်ချိတုန်းက ဒီနာရီရဲ့ ဘက်ထရီသက်တမ်းဟာ ၁၈ နာရီအသုံးပြုနိုင်တယ်လို့ ကြော်ငြာခဲ့ပါတယ်။ ဒါဟာ ပထမဆုံးမော်ဒယ်တွေကနေ လက်ရှိ Series 6 အထိ ဘက်ထရီနဲ့ပတ်သက်ပြီး Apple ရဲ့ အားထုတ်မှုကအတူတူပဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။

Insider ရဲ့ဖော်ပြချက်အရ Apple Watch မော်ဒယ်သစ်တွေကတော့ ပိုပြီးကောင်းမွန်တဲ့ဘက်ထရီသက်တမ်းကို ပေးအပ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအတွက် Apple ဟာ Watch အသစ်တွေမှာ Sensors အသစ်ကို ထည့်သွင်းမဲ့အစား ဘက်ထရီစွမ်းဆောင်ရည်ကို ပိုမိုတိုးမြင့်အောင်ပဲပြုလုပ်မယ်လို့ ဖော်ပြထားပါတယ်။

Bloomberg ကတော့ ၂၀၂၂ မော်ဒယ်ဟာ ကိုယ်ခန္ဓာအပူချိန်အာရုံခံဆင်ဆာ (Body temperature sensor) ကို မိတ်ဆက်လာမယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ကနဦးသတင်းတွေအရ ဒီ Sensor ကို ဒီနှစ်ထွက်မဲ့မော်ဒယ်တွေမှာတွေ့မြင်ရဖွယ်ရှိတယ်လို့ ရေးသားခဲ့ပေမဲ့ အခုအချိန်မှာတော့ Cupertino ရဲ့ ဦးစားပေးဟာ ဘက်ထရီသာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

Apple S7 chip ဟာ ပိုပြီးတော့ ကျစ်လျစ်သိပ်သည်းတဲ့ Dual-sided system (SiP) ဒီဇိုင်းနဲ့ ဖြစ်လာပါတယ်။ ဒါကြောင့် နာရီကိုယ်ထည်အတွင်းမှာ ဘက်ထရီအတွက်နေရာလွတ်ပိုရလာပါတယ်။ ဒါပေမဲ့ မော်ဒယ်သစ်တွေဟာ လက်ရှိမော်ဒယ်တွေနဲ့ အရွယ်အစားတူညီနိုင်သလို၊ မသိမသာလည်းထူသွားနိုင်တယ်လို့ သိရပါတယ်။

Apple Watch Series 7 တွေရဲ့ ဒီဇိုင်းကတော့ iPhone, iPad တွေလို Flat ဖြစ်ပြီး မျက်နှာပြင်တစ်ဝိုက်က Bezels တွေကျဉ်းသွားမယ်လို့ ဆိုနိုင်ပါတယ်။ ပိုကောင်းလာတဲ့ Lamination ကလည်း Display နဲ့ Protective glass ကြား ကွာဟမှုကို လျှော့ချပေးမယ်လို့ သိရပါတယ်။ Apple Watch Series 7 ဟာ UWB ထောက်ပံ့မှု ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena