Apple Watch အတွက် နောက်ဆုံးထုတ် Software Update ကို ကုမ္ပဏီက ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး Version က watchOS 7.3 ဖြစ်ပါတယ်။ အဲဒီ Software Update မှာ Pan-African Flag ကို ဂုဏ်ပြုထားတဲ့ Unity Watch Face Collection အသစ် ထည့်သွင်းထားပါတယ်။ ဒါဟာ Apple ရဲ့ Black History Month အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း  ဖြစ်ပါတယ်။

Apple watchOS 7.3 update brings ECG to more countries, Unity watch faces

ဒါ့အပြင် Update အသစ်မှာ Apple Watch Series 4 နဲ့အထက်မှာ ထည့်သွင်းပေးထားတဲ့ Electrocardiogram (ECG) နဲ့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကို စစ်ဆေးပေးတဲ့ လုပ်ဆောင်ချက်တွေကို ဂျပန်၊ မယိုတီ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့မှာ အသုံးပြုလို့ရလာပါပြီ။

Apple watchOS 7.3 update brings ECG to more countries, Unity watch faces - GSMArena.com news

Apple Fitness+ Subscribers တွေဟာ လမ်းလျှောက်နေစဉ် ဆယ်လီတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို နားဆင်နိုင်မယ့် Time to Walk လုပ်ဆောင်ချက် အသစ်ကို ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။ Update အသစ်မှာ စွမ်းဆောင်ရည် ပိုကောင်းအောင် ပြုလုပ်ထားပြီး Control Center နဲ့ Notification Center အတွက် Bug တွေကို ပြင်ဆင်ပေးထားပါတယ်။

Changelog အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

watch OS 7.3 release notes:

  • Unity watch face inspired by the colors of the Pan-African Flag, the shapes change throughout the day as you move creating a face that’s unique to you.
  • Time to Walk for Apple Fitness+ subscribers – an audio experience in the Workout app where guests share inspiring stories as you walk.
  • ECG app on Apple Watch Series 4 or later in Japan, Mayotte, Philippines, and Thailand.
  • Irregular heart rhythm notifications in Japan, Mayotte, Philippines, Taiwan, and Thailand.
  • Fix for an issue where Control Center and Notification Center may be unresponsive when Zoom is enabled.

Ref : gsmarena