DynamicSpot App ဟာ Apple iPhone 14 Pro နဲ့ Pro Max မှာ ထည့်သွင်းထားတဲ့ Dynamic Island ကို တုပထားတာ ဖြစ်ပါတယ်။ Dynamic Island ဟာ Punch Hole ကို ဖျောက်ထားပြီး Animation တွေနဲ့ ပြသပေးတဲ့ Notification System ဖြစ်ပါတယ်။ DynamicSpot App ဟာ Android မှာ Dynamic Island လုပ်ဆောင်ချက်ကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးပြီး အခုဆိုရင် Google Play Store မှာ Download ပြုလုပ်တဲ့ အရေအတွက် ၁ သန်းကျော် ရှိသွားပါပြီ။

iPhone 14 Pro series

Xiaomi လို စမတ်ဖုန်း ထုတ်လုပ်သူ တချို့ဟာ Android စမတ်ဖုန်းတွေမှာ Dynamic Island လို လုပ်ဆောင်ချက်ကို ဖန်တီးပေးဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်နေပါတယ်။ ဖုန်း ကုမ္ပဏီတွေက Dynamic Island လို လုပ်ဆောင်ချက်ကို မဖန်တီးနိုင်သေးခင်မှာ DynamicSpot App ထွက်လာတာပါ။ DynamicSpot App ကို Google Play Store ကနေ ရယူနိုင်ပြီး မျက်နှာပြင် ဘယ်ဘက်အထက် Punch Hole နဲ့ မျက်နှာပြင် အလယ် Punch Hole ပါတဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ DynamicSpot မှာ Music Control တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

iPhone 14

DynamicSpot App ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ Download ပြုလုပ်တဲ့ အရေအတွက် ၁ သန်းကျော်သွားတာက အထင်ကြီးစရာကောင်းပါတယ်။ App ကို Download လုပ်ထားတဲ့ User တွေရဲ့ လက်ရှိ Rating က 4.3 ဖြစ်ပါတယ်။ App Developer Jawomo က DynamicSpot ဟာ iPhone 14 Pro ရဲ့ Dynamic Island လုပ်ဆောင်ချက်ကို Android Device မှာ သုံးနိုင်မယ်လို့ ပြောထားပါတယ်။

Developer က Dynamic Island လို မဟုတ်ဘဲ DynamicSpot ကို Customize လုပ်နိုင်တယ်လို့ ပြောပြီး Interaction Settings နဲ့ လုပ်ဆောင်ချက် တချို့ကို ပြောင်းလဲပြင်ဆင်နိုင်ပါတယ်။ အဲဒီ App ဟာ Android App အများစုနဲ့ Compatible ဖြစ်ပြီး Android Notification System နဲ့ ပူးပေါင်း အလုပ်လုပ်နိုင်ပါတယ်။

DynamicSpot ကို Android 9 နဲ့ အထက် ဖုန်းတွေမှာ အသုံးပြုနိုင်ပြီး Developer က နောက်ပိုင်းမှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။

Ref : gizmochina