iPhone SE 3 ရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ပြထားတဲ့ ဗီဒီယို ၁ ခု YouTube မှာ ထွက်ပေါ်လာပြီး တန်ဖိုးနည်း iPhone SE 3 ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေကို လေ့လာလို့ရလာပါတယ်။ iPhone SE 3 မှာ အရင်မျိုးဆက် iPhone SE 2 ထက် အရွယ်အစားပိုကြီးမားတဲ့ ဘက်ထရီ တပ်ဆင်ထားပြီး 5G ဆက်သွယ်မှုအတွက် Qualcomm Snapdragon X57 Modem ထည့်သွင်းထားပါတယ်။

ဘက်ထရီတွေကို နှိုင်းယှဉ်ပြရရင် iPhone SE 2 က 1,821mAh နဲ့ iPhone SE 3 က 2,018mAh ဖြစ်ပါတယ်။ အဲဒီအတွက် iPhone SE 3 ဟာ iPhone SE 2 ထက် ဗီဒီယိုတွေ ၂ နာရီကြာ ပိုမို ကြည့်ရှုနိုင်ပါတယ်။ ဒါမှမဟုတ် ၁၀ နာရီကြာ သီချင်းတွေ နားဆင်နိုင်ပါတယ်။

iPhone SE 3 အတွက် Snapdragon X57 Modem ကို သီးသန့် ထုတ်လုပ်ပေးထားတဲ့ ပုံပေါ်ပြီး 5G Support ကို 6GHz အောက် ကန့်သတ်ထားပါတယ်။ iPhone 13 Series လို မဟုတ်ဘဲ iPhone SE 3 ဟာ 5G Spectrum မှာ ပိုမြန်တဲ့ mmWave Bands ကို မထောက်ပံ့ထားပါဘူး။

iPhone SE 3 မှာ အရင်မျိုးဆက်ထက် 1GB RAM ပိုများတဲ့ 4GB RAM ပါလာပြီး Processing စွမ်းရည် ပိုတိုးတက်လာပါတယ်။ YouTube ဗီဒီယိုမှာ iPhone SE 3 ဟာ ပြင်ဆင်လို့ လွယ်ကူသလားဆိုတဲ့ သတင်းအချက်အလက်တွေကို မဖော်ပြထားဘဲ လာမယ့် ရက်တွေအတွင်း အဲဒီ သတင်းအချက်အလက်တွေ ထွက်လာနိုင်ပါတယ်။ ခြုံပြောရရင် iPhone SE 3 ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေဟာ iPhone SE 2 နဲ့ တူညီပါတယ်။

ref : gizmochina