Apple ဟာ တတိယမျိုးဆက် iPhone SE အပါအဝင် Device အသစ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြိုင်မြိုင်ဆိုင်ဆိုင် ကြေညာခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ အရင်မျိုးဆက်ထက် Specs နဲ့ လုပ်ဆောင်ချက်တွေ တိုးတက်လာပြီး Apple က RAM ပမာဏကို တိုးမြှင့်ထားပေမယ့် ထုံးစံအတိုင်း မကြေညာသွားပါဘူး။

iPhone SE 3 battery life vs SE 2, iPhone 8, and more - 9to5Mac

အခုတော့ MacRumors က မိတ်ဆက်ပွဲပြီးနောက် Apple ထုတ်ပြန်ခဲ့တဲ့ Xcode 13.3 Release Candidate ထဲက Code တွေအရ iPhone SE အသစ်မှာ 4GB RAM ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် iPhone SE 2 ရဲ့ 3GB RAM ထက် ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

iPhone SE 3 to drive 25% of iPhone shipments in India this year - 9to5Mac

RAM ပမာဏ ပိုများလာတဲ့အတွက် စွမ်းဆောင်ရည် ပိုကောင်းလာသလို Safari က Webpages နဲ့ တခြား App တွေဟာ နောက်ကွယ်မှာ Run နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံနဲ့ ဗီဒီယို Editing လို အလုပ်တွေအတွက်လည်း အကျိုးရှိစေမှာပါ။

iPhone SE 3 မှာ အရင်မျိုးဆက်လိုပဲ တူညီတဲ့ ၄.၇ လက်မ မျက်နှာပြင် ပါလာပြီး Touch ID ထောက်ပံ့တဲ့ Home Button တပ်ဆင်ထားပါတယ်။ ဒါပေမယ့် 5G ဆက်သွယ်မှု ထောက်ပံ့တဲ့ A15 Bionic Processor မောင်းနှင်ထားပြီး ကင်မရာ အပိုင်းမှာ လုပ်ဆောင်ချက် အသစ် တချို့ ပါတဲ့ 12MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

United States, Australia, Canada, China, France, Germany, India, Japan,  United Kingdom အပါအဝင် နိုင်ငံ ၃၀ ကျော်မှာ မတ်လ ၁၁ ရက်နေ့ကစတင်ကာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး မတ်လ ၁၈ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina