Apple ရဲ့ တန်ဖိုးဟာ ထင်ထားတာထက် အများကြီး တိုးတက်လာပါတယ်။ ကုမ္ပဏီရဲ့ တန်ဖိုးဟာ ပြိုင်ဖက် ကုမ္ပဏီ ၃ ခု ဖြစ်တဲ့ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet , Amazon နဲ့ Meta ၃ ခုပေါင်းထက် များပြားလာပါတယ်။

Apple

ပြီးခဲ့တဲ့ လတွေအတွင်း အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေဟာ ဝင်ငွေနည်းသွားခဲ့ပြီး စီးပွားရေး အထိနာခဲ့ကြပါတယ်။ ဥပမာပြရရင် Facebook , Instagram နဲ့ WhatsApp တို့ကို ပိုင်တဲ့ Meta လည်း အဲဒီအထဲမှာ ပါနေပါတယ်။ Meta ဟာ အကြီးမားဆုံး ဆုံးရှုံးခဲ့ပြီး ကုမ္ပဏီ တန်ဖိုးဟာ ၂၀ ရာခိုင်နှုန်း ( ဒေါ်လာ ၉၀ ဘီလီယမ်) ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီတိုင်း ဒီလို ဆုံးရှုံးနေတာ မဟုတ်ပါဘူး။ Apple ရဲ့ တန်ဖိုးဟာ ၆ ရာခိုင်နှုန်း တိုးတက်လာပြီး ပြီးခဲ့တဲ့ ၁ ပတ်က Apple ရဲ့ ငွေစာရင်းရှင်းတမ်းအရ Apple ရဲ့ တန်ဖိုးဟာ ပြိုင်ဖက် ကုမ္ပဏီ ၃ ခုပေါင်းထက် များလာပါတယ်။

The History Of Apple. Inc - WorldAtlas

Apple ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂.၃၀၇ ထရီလီယမ်ရှိပြီး Alphabet က ၁.၁၂၆ ထရီလီယမ်၊ Amazon က ၉၄၀ ဘီလီယမ်နဲ့ Meta က ၂၄၀ ဘီလီယမ် ဖြစ်ပါတယ်။ Apple ဟာ တခြား ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေး ကျဆင်းမှုကို ကျော်လွှားနိုင်တာကို မြင်ရပါတယ်။

Apple ဟာ iPhone 14 Series ကြောင့် စီးပွားရေး တိုးတက်လာတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ ထုတ်ကုန် အပြင် ဝန်ဆောင်မှုတွေကြောင့်ပါ ဝင်ငွေ ကောင်းနေပါတယ်။ iPhone ကြောင့်သာမက Mac Series လက်ပ်တော့နဲ့ ဒတ်စတော့ ပီစီတွေကြောင့်ပါ ကွာတား ၃ မှာ ရောင်းအားကောင်းနေတာပါ။

Ref : gizmochina