Zawgyi

ASUS ရဲ႕ Zephyrus Series Gaming Laptop ေတြဟာ ကုမၸဏီအတြက္လုံးဝ အေကာင္းဆုံး High End Laptop ေတြအေနနဲ႔ လူသိမ်ားၿပီးသားျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ASUS ကေန ဒီ Zephyrus Series မွာပဲ ေစ်းမမ်ားတဲ့ Zephyrus G GA502 Gaming Laptop ကို ေစ်းကြက္အတြင္းကို မိတ္ဆက္ထားၿပီးေတာ့ Review အေနနဲ႔ ျပဳလုပ္ေပးလိုက္ပါတယ္။

ASUS Zephyrus GA502 Gaming Laptop ဟာ ေစ်းႏႈန္းအေနနဲ႔ $1,299 နဲ႔ ေရာင္းခ်သြားမွာျဖစ္ၿပီး Zephyrus Series Laptop တစ္ခုကို Strix Series ေစ်းႏႈန္းနဲ႔ ရရွိႏိုင္တယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ အဲ့ဒါေၾကာင့္ Design ပိုင္းေတြ၊ စြမ္းေဆာင္ရည္ပိုင္းေတြကေရာ ဘယ္လိုရွိမလဲဆိုတာကို ၾကည့္လိုက္ရေအာင္။

Design

အရင္ဆုံး Design ပိုင္းမွာကေတာ့ ASUS Zephyrus Series Laptop တစ္ခုဆိုတာကို တန္းသိႏိုင္တဲ့ Design ကို ပိုင္ဆိုင္ထားတယ္လို႔ ေျပာရမွာပါ။ လွပတဲ့ Black Color နဲ႔အတူ အထူကလည္း 20mm ပဲရွိေနတဲ့အတြက္ ပုံမွန္ Gaming Laptop ေတြနဲ႔ ယွဥ္ရင္ သိသိသာသာကိုပါးလႊာေနမွာပါ။ ၿပီးေတာ့ အေလးခ်ိန္ကလည္း 2.1Kg ပဲရွိတဲ့အတြက္ 15.6″ Laptop တစ္ခုျဖစ္ေပမယ့္ 14″ Laptop ေလာက္ပဲ အေလးခ်ိန္ရွိေနတာျဖစ္ပါတယ္။

Design ပိုင္းအရၾကည့္မယ္ဆိုရင္ Zephyrus GA502 Laptop က Gaming Laptop တစ္ခုထက္ အလုပ္ခြင္ကို ယူသြားၿပီး အလုပ္လည္း လုပ္လို႔ရတဲ့ Laptop တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ Design ပိုင္းအရ ပုံမွန္ Gaming Laptop ေတြနဲ႔ မတူညီဘဲ ကြဲထြက္ေနၿပီး Minimal ျဖစ္ေနတာကလည္း တစ္မ်ိဳးဆန္းေနပါတယ္။

Performance

Performance ပိုင္းမွာေတာ့ ASUS Zephyrus GA502 Laptop က AMD နဲ႔ Nvidia ၂ မ်ိဳးကို ေပါင္းစပ္ထားတာျဖစ္ၿပီး Processor အေနနဲ႔ AMD Ryzen 7 3750H Processor ၊ Graphic Card အေနနဲ႔ Nvidia ရဲ႕ GTX 1660Ti Graphic Card ေတြပါဝင္မွာလည္းျဖစ္ပါတယ္။ ဒါကိုမွ RAM 8GB ၊ Storage 512GB SSD ေတြနဲ႔ အားျဖည့္ထားတဲ့အတြက္ ေပးရတဲ့ေစ်းနဲ႔ တန္တဲ့ စြမ္းေဆာင္ရည္တစ္ခုကို ျပန္ရႏိုင္တယ္လို႔ကို ေျပာလို႔ရပါတယ္။

Intel i7 Processor ေတြအစား AMD Ryzen 7 Processor ကို အသုံးျပဳတာက Multitasking ပိုင္းမွာေတာ့ အနည္းငယ္အားနည္းတယ္ဆိုေပမယ့္ Gaming ပိုင္းမွာကေတာ့ စြမ္းေဆာင္ရည္သိသိသာသာမကြာဘူးလို႔ ေျပာရမွာပါ။ Heat အေနနဲ႔လည္း အခ်ိန္အၾကာႀကီး ဂိမ္းေဆာ့ေနတဲ့အခ်ိန္မွာ Heat နည္းနည္းရွိတာကလြဲၿပီး ပုံမွန္ပဲလို႔ ေျပာလို႔ရပါတယ္။ အဲ့ဒါေၾကာင့္ Performance ပိုင္းမွာေတာ့ ကိုယ္က CPU Intensive App ေတြကို မသုံးေနဘူးဆိုရင္ ASUS Zephyrus GA502 က လုံေလာက္တာထက္ ပိုတဲ့ စြမ္းေဆာင္ရည္တစ္ခုကို ျပန္ရရွိေစမွာပါ။

Display

Display အေနနဲ႔ကေတာ့ ASUS Zephyrus GA502 Laptop က 15.6″ Full HD IPS Display ကို အသုံးျပဳထားၿပီးေတာ့ Refresh Rate အေနနဲ႔ 120Hz အထိရွိေနမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ပုံမွန္ eSport Game ေတြတင္မဟုတ္ဘဲ Game ေတာ္ေတာ္မ်ားမ်ားမွာ လုံးဝ 120Hz Refresh Rate အျပည့္နဲ႔ ေဆာ့ကစားႏိုင္ဦးမွာပါ။ Screen-to-Body Ratio ကလည္း 81% အထိကို ရွိေနဦးမွာျဖစ္ပါတယ္။

Color Accuracy ပိုင္းမွာလည္း Zephyrus GA502 က ေတာ္ေတာ္ေလးကို ေကာင္းမြန္ၿပီးေတာ့ ႐ုပ္ရွင္ၾကည့္ခ်င္တဲ့သူပဲျဖစ္ျဖစ္ Editing လုပ္ဖို႔ပဲျဖစ္ျဖစ္ အဆင္ေျပတယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ Brightness ပိုင္းမွာေတာ့ တျခားေသာ Ultrabook ေတြေလာက္ေတာ့ မလင္းတဲ့အတြက္ Outdoor အသုံးျပဳမယ္ဆိုရင္ေတာ့ အနည္းငယ္ သတိထားရမွာပါ။

Keyboard

ASUS Zephyrus GA502 Gaming Laptop က Gaming Laptop တစ္ခုျဖစ္ေနေပမယ့္ Keyboard Backlit က RGB အစား White Color ပဲရရွိမွာျဖစ္ပါတယ္။ ဒါက အားနည္းခ်က္တစ္ခုလို႔ ဆိုႏိုင္ေပမယ့္ Gaming Laptop တစ္ခုမဆန္တဲ့ Design နဲ႔ျဖစ္ေနတဲ့အတြက္ အလုပ္လုပ္ခ်င္တဲ့သူေတြအတြက္ကေတာ့ RGB ထက္ ပုံမွန္ White Color က ပိုၿပီး အဆင္ေျပတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

စာ႐ိုက္တဲ့ေနရာမွာေတာ့ Zephyrus GA502 က လက္ရွိ Gaming Laptop Keyboard ေတြထဲမွာ အေကာင္းဆုံးလို႔ကို ေျပာလို႔ရၿပီးေတာ့ Desktop-Inspired Keyboard Layout က စာ႐ိုက္ရတာေတာ္ေတာ္ေလးကို အဆင္ေျပေနတာျဖစ္ပါတယ္။ Key တစ္ခုခ်င္းစီရဲ႕ Feedback ကလည္း အဆင္ေျပသလို Volume Key နဲ႔ Quick Mute Key ကို Laptop ရဲ႕ အေပၚဘက္မွာ သီးသန္႔ထားထားတာကလည္း တစ္မ်ိဳးဆန္းေနျပန္ပါတယ္။ ASUS ကေတာ့ N-key Rollover ၊ Overstroke Technology ကိုလည္း Support ျပဳလုပ္ေသးတယ္လို႔ ဆိုထားပါတယ္။

Battery

Battery Life ကလည္း ဒီ ASUS Zephyrus GA502 Gaming Laptop မွာ အားရစရာအခ်က္တစ္ခုျဖစ္ပါတယ္။ ပုံမွန္ Gaming Laptop ေတြက Battery Life ပိုင္းမွာ အားနည္းတယ္ဆိုေပမယ့္ Zephyrus GA502 Laptop ကေတာ့ AMD Ryzen Processor ေၾကာင့္ Battery Life က အားမသြင္းဘဲ ပုံမွန္ Web Browsing နဲ႔ Light Usage မွာကို ၆ နာရီနဲ႔ ၇ နာရီဝန္းက်င္အထိ အသုံးျပဳႏိုင္တာကို ေတြ႕ရပါတယ္။ ဒါက တကယ့္ Work & Play အတြက္ အေကာင္းဆုံးအခ်က္လို႔ေတာင္ ေျပာလို႔ရၿပီးေတာ့ အားျပန္သြင္းမယ္ဆိုရင္လည္း 180W Charger ကေန ၁ နာရီခြဲဝန္းက်င္အတြင္း ျပန္ၿပီး အားသြင္းႏိုင္ဦးမွာပါ။

က်န္တဲ့အခ်က္ေတြအေနနဲ႔ကေတာ့ Ports ေတြအေနနဲ႔ USB-A ၃ ေပါက္၊ USB-C ၁ ေပါက္၊ HDMI 2.0 ၊ 3.5mm Audio Port ၊ LAN Port နဲ႔ Kensington Lock ေတြအကုန္ပါဝင္မွာျဖစ္ပါတယ္။ TouchPad နဲ႔ Speaker ေတြကေတာ့ ပုံမွန္အဆင့္ပဲလို႔ ေျပာႏိုင္ၿပီးေတာ့ စက္ရဲ႕ Performance ကို စိတ္ႀကိဳက္ျပင္ဆင္ႏိုင္တဲ့ Armory Crate Software လည္း ပါဝင္ဦးမွာျဖစ္ပါတယ္။

အဲ့ဒီအတြက္ ASUS Zephyrus GA502 Laptop ဟာ ေစ်းလည္း အမ်ားႀကီးမသုံးပဲ စြမ္းေဆာင္ရည္ အသင့္အတင့္နဲ႔ Quality ေကာင္းေကာင္း Laptop တစ္လုံးကို ရွာေနတယ္၊ အလုပ္ကို ယူသြားဖို႔အတြက္လည္း အဆင္ေျပေအာင္ အရမ္းႀကီး Gaming Laptop ဆန္ေနတာမ်ိဳးကို မႀကိဳက္ဘူးဆိုတဲ့သူေတြအတြက္ကေတာ့ အေကာင္းဆုံး Work & Play Gaming Laptop တစ္ခုလို႔ပဲ ေျပာရမွာပါ။

Unicode

ASUS ရဲ့ Zephyrus Series Gaming Laptop တွေဟာ ကုမ္ပဏီအတွက်လုံးဝ အကောင်းဆုံး High End Laptop တွေအနေနဲ့ လူသိများပြီးသားဖြစ်ပါတယ်။ အခုအချိန်မှာတော့ ASUS ကနေ ဒီ Zephyrus Series မှာပဲ စျေးမများတဲ့ Zephyrus G GA502 Gaming Laptop ကို စျေးကွက်အတွင်းကို မိတ်ဆက်ထားပြီးတော့ Review အနေနဲ့ ပြုလုပ်ပေးလိုက်ပါတယ်။

ASUS Zephyrus GA502 Gaming Laptop ဟာ စျေးနှုန်းအနေနဲ့ $1,299 နဲ့ ရောင်းချသွားမှာဖြစ်ပြီး Zephyrus Series Laptop တစ်ခုကို Strix Series စျေးနှုန်းနဲ့ ရရှိနိုင်တယ်လို့တောင် ပြောလို့ရပါတယ်။ အဲ့ဒါကြောင့် Design ပိုင်းတွေ၊ စွမ်းဆောင်ရည်ပိုင်းတွေကရော ဘယ်လိုရှိမလဲဆိုတာကို ကြည့်လိုက်ရအောင်။

Design

အရင်ဆုံး Design ပိုင်းမှာကတော့ ASUS Zephyrus Series Laptop တစ်ခုဆိုတာကို တန်းသိနိုင်တဲ့ Design ကို ပိုင်ဆိုင်ထားတယ်လို့ ပြောရမှာပါ။ လှပတဲ့ Black Color နဲ့အတူ အထူကလည်း 20mm ပဲရှိနေတဲ့အတွက် ပုံမှန် Gaming Laptop တွေနဲ့ ယှဥ်ရင် သိသိသာသာကိုပါးလွှာနေမှာပါ။ ပြီးတော့ အလေးချိန်ကလည်း 2.1Kg ပဲရှိတဲ့အတွက် 15.6″ Laptop တစ်ခုဖြစ်ပေမယ့် 14″ Laptop လောက်ပဲ အလေးချိန်ရှိနေတာဖြစ်ပါတယ်။

Design ပိုင်းအရကြည့်မယ်ဆိုရင် Zephyrus GA502 Laptop က Gaming Laptop တစ်ခုထက် အလုပ်ခွင်ကို ယူသွားပြီး အလုပ်လည်း လုပ်လို့ရတဲ့ Laptop တစ်ခုလို့တောင် ပြောလို့ရပါတယ်။ Design ပိုင်းအရ ပုံမှန် Gaming Laptop တွေနဲ့ မတူညီဘဲ ကွဲထွက်နေပြီး Minimal ဖြစ်နေတာကလည်း တစ်မျိုးဆန်းနေပါတယ်။

Performance

Performance ပိုင်းမှာတော့ ASUS Zephyrus GA502 Laptop က AMD နဲ့ Nvidia ၂ မျိုးကို ပေါင်းစပ်ထားတာဖြစ်ပြီး Processor အနေနဲ့ AMD Ryzen 7 3750H Processor ၊ Graphic Card အနေနဲ့ Nvidia ရဲ့ GTX 1660Ti Graphic Card တွေပါဝင်မှာလည်းဖြစ်ပါတယ်။ ဒါကိုမှ RAM 8GB ၊ Storage 512GB SSD တွေနဲ့ အားဖြည့်ထားတဲ့အတွက် ပေးရတဲ့စျေးနဲ့ တန်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ပြန်ရနိုင်တယ်လို့ကို ပြောလို့ရပါတယ်။

Intel i7 Processor တွေအစား AMD Ryzen 7 Processor ကို အသုံးပြုတာက Multitasking ပိုင်းမှာတော့ အနည်းငယ်အားနည်းတယ်ဆိုပေမယ့် Gaming ပိုင်းမှာကတော့ စွမ်းဆောင်ရည်သိသိသာသာမကွာဘူးလို့ ပြောရမှာပါ။ Heat အနေနဲ့လည်း အချိန်အကြာကြီး ဂိမ်းဆော့နေတဲ့အချိန်မှာ Heat နည်းနည်းရှိတာကလွဲပြီး ပုံမှန်ပဲလို့ ပြောလို့ရပါတယ်။ အဲ့ဒါကြောင့် Performance ပိုင်းမှာတော့ ကိုယ်က CPU Intensive App တွေကို မသုံးနေဘူးဆိုရင် ASUS Zephyrus GA502 က လုံလောက်တာထက် ပိုတဲ့ စွမ်းဆောင်ရည်တစ်ခုကို ပြန်ရရှိစေမှာပါ။

Display

Display အနေနဲ့ကတော့ ASUS Zephyrus GA502 Laptop က 15.6″ Full HD IPS Display ကို အသုံးပြုထားပြီးတော့ Refresh Rate အနေနဲ့ 120Hz အထိရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန် eSport Game တွေတင်မဟုတ်ဘဲ Game တော်တော်များများမှာ လုံးဝ 120Hz Refresh Rate အပြည့်နဲ့ ဆော့ကစားနိုင်ဦးမှာပါ။ Screen-to-Body Ratio ကလည်း 81% အထိကို ရှိနေဦးမှာဖြစ်ပါတယ်။

Color Accuracy ပိုင်းမှာလည်း Zephyrus GA502 က တော်တော်လေးကို ကောင်းမွန်ပြီးတော့ ရုပ်ရှင်ကြည့်ချင်တဲ့သူပဲဖြစ်ဖြစ် Editing လုပ်ဖို့ပဲဖြစ်ဖြစ် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Brightness ပိုင်းမှာတော့ တခြားသော Ultrabook တွေလောက်တော့ မလင်းတဲ့အတွက် Outdoor အသုံးပြုမယ်ဆိုရင်တော့ အနည်းငယ် သတိထားရမှာပါ။

Keyboard

ASUS Zephyrus GA502 Gaming Laptop က Gaming Laptop တစ်ခုဖြစ်နေပေမယ့် Keyboard Backlit က RGB အစား White Color ပဲရရှိမှာဖြစ်ပါတယ်။ ဒါက အားနည်းချက်တစ်ခုလို့ ဆိုနိုင်ပေမယ့် Gaming Laptop တစ်ခုမဆန်တဲ့ Design နဲ့ဖြစ်နေတဲ့အတွက် အလုပ်လုပ်ချင်တဲ့သူတွေအတွက်ကတော့ RGB ထက် ပုံမှန် White Color က ပိုပြီး အဆင်ပြေတယ်လို့တောင် ပြောလို့ရပါတယ်။

စာရိုက်တဲ့နေရာမှာတော့ Zephyrus GA502 က လက်ရှိ Gaming Laptop Keyboard တွေထဲမှာ အကောင်းဆုံးလို့ကို ပြောလို့ရပြီးတော့ Desktop-Inspired Keyboard Layout က စာရိုက်ရတာတော်တော်လေးကို အဆင်ပြေနေတာဖြစ်ပါတယ်။ Key တစ်ခုချင်းစီရဲ့ Feedback ကလည်း အဆင်ပြေသလို Volume Key နဲ့ Quick Mute Key ကို Laptop ရဲ့ အပေါ်ဘက်မှာ သီးသန့်ထားထားတာကလည်း တစ်မျိုးဆန်းနေပြန်ပါတယ်။ ASUS ကတော့ N-key Rollover ၊ Overstroke Technology ကိုလည်း Support ပြုလုပ်သေးတယ်လို့ ဆိုထားပါတယ်။

Battery

Battery Life ကလည်း ဒီ ASUS Zephyrus GA502 Gaming Laptop မှာ အားရစရာအချက်တစ်ခုဖြစ်ပါတယ်။ ပုံမှန် Gaming Laptop တွေက Battery Life ပိုင်းမှာ အားနည်းတယ်ဆိုပေမယ့် Zephyrus GA502 Laptop ကတော့ AMD Ryzen Processor ကြောင့် Battery Life က အားမသွင်းဘဲ ပုံမှန် Web Browsing နဲ့ Light Usage မှာကို ၆ နာရီနဲ့ ၇ နာရီဝန်းကျင်အထိ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ ဒါက တကယ့် Work & Play အတွက် အကောင်းဆုံးအချက်လို့တောင် ပြောလို့ရပြီးတော့ အားပြန်သွင်းမယ်ဆိုရင်လည်း 180W Charger ကနေ ၁ နာရီခွဲဝန်းကျင်အတွင်း ပြန်ပြီး အားသွင်းနိုင်ဦးမှာပါ။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Ports တွေအနေနဲ့ USB-A ၃ ပေါက်၊ USB-C ၁ ပေါက်၊ HDMI 2.0 ၊ 3.5mm Audio Port ၊ LAN Port နဲ့ Kensington Lock တွေအကုန်ပါဝင်မှာဖြစ်ပါတယ်။ TouchPad နဲ့ Speaker တွေကတော့ ပုံမှန်အဆင့်ပဲလို့ ပြောနိုင်ပြီးတော့ စက်ရဲ့ Performance ကို စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Armory Crate Software လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် ASUS Zephyrus GA502 Laptop ဟာ စျေးလည်း အများကြီးမသုံးပဲ စွမ်းဆောင်ရည် အသင့်အတင့်နဲ့ Quality ကောင်းကောင်း Laptop တစ်လုံးကို ရှာနေတယ်၊ အလုပ်ကို ယူသွားဖို့အတွက်လည်း အဆင်ပြေအောင် အရမ်းကြီး Gaming Laptop ဆန်နေတာမျိုးကို မကြိုက်ဘူးဆိုတဲ့သူတွေအတွက်ကတော့ အကောင်းဆုံး Work & Play Gaming Laptop တစ်ခုလို့ပဲ ပြောရမှာပါ။