စမတ်ဖုန်းတွေနဲ့ ဓါတ်ပုံကောင်းကောင်းရိုက်နိုင်ဖို့ဆိုတာက ဖုန်းကင်မရာကောင်းနေရုံတစ်ခုထဲနဲ့ ဖြစ်နိုင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ Post-processing လို့ခေါ်တဲ့ ဓါတ်ပုံရိုက်ကူးပြီးတဲ့အချိန်မှာ ပြန်လည်ပြင်ဆင်မှုကကောင်းဖို့လည်းလိုအပ်ပါသေးတယ်။ အဲ့ဒီအတွက် သင်ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အကောင်းဆုံးပြင်ဆင်ပေးနိုင်တဲ့ Photo Editing App ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Retrica

သင်က Instagram ကို အသုံးပြုရတာ ကြိုက်နှစ်သက်တယ်ဆိုရင် Retrica ကိုလည်း ကြိုက်နှစ်သက်မှာ သေချာပါတယ်။ လှပတဲ့ Filter တွေက ဘာမှ ဓါတ်ပုံပြင်ဆင်ဖို့မလိုအပ်ပဲ ကိုယ်ကြိုက်နှစ်သက်တဲ့ Filter ကို ရွေးချယ်ပေးလိုက်ရုံနဲ့တင် သင့်ဓါတ်ပုံတွေက အကောင်းဆုံးဖြစ်သွားမှာအသေအချာပါပဲ။

2. Candy Camera

Candy Camera ကတော့ Selfie ရိုက်တာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အဓိကဖြစ်ပြီးတော့ သင့်ရဲ့ Selfie ဓါတ်ပုံတွေကို အလှပဆုံးဖြစ်အောင် ပြင်ဆင်ပေးသွားမှာပဲဖြစ်ပါတယ်။ မျက်နှာမှာရှိနေတဲ့ တင်းတိမ်၊ ဝက်ခြံတွေနဲ့ အရေးအကြောင်းတွေကိုပါ ဖယ်ရှားနိုင်တဲ့ Functions ပါဝင်တဲ့အတွက် ကျိန်းသေပေါက် အသုံးပြုသင့်တဲ့ App တစ်ခုပါ။

3. Vinci

ဒီ Application ကတော့ သင်ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံတွေကို ပန်းချီကားတစ်ခုလိုမျိုး ပြောင်းလဲပေးနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ အခု Application ဟာ ရူခင်းပုံတွေနဲ့ လူပုံတွေဆိုရင် ပိုပြီး တိတိကျကျအလုပ်လုပ်မှာဖြစ်ပါတယ်။

4. Hypocam

Black & White Photography ကို စိတ်ဝင်စားတဲ့သူတွေဆိုရင် အခု App ကလည်း မရှိမဖြစ်ကို ဆောင်ထားသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Interface က အသုံးပြုရတာလွယ်ကူပြီးတော့ အကောင်းဆုံးသော Black & White ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

5. Little Photo

ဒီ Application ကတော့ သင့်ရဲ့ ဓါတ်ပုံတွေကို ရှေးဟောင်းဓါတ်ပုံတွေပုံစံမျိုးပြောင်းလဲပေးနိုင်တဲ့ Application တစ်ခုဖြစ်ပြီး သင့်အနေနဲ့ အများအပြားပြုလုပ်နေဖို့ မလိုအပ်ပဲ Filter တွေကိုပဲ ရွေးချယ်ပေးဖို့ လိုအပ်မှာပါ။