Android ဖုန်းအတွက် Apps တွေကို Google Play ကနေ အလွယ်တကူ ဒေါင်းလုပ်ခ်ယူလို့ရနေပါတယ်။ ဒါပေမယ့် Apps တွေကများလွန်းလို့ ဘယ်ဟာကို ဒေါင်းလုပ်ခ်ဆွဲရမလဲ အခက်တွေ့နေတတ်ပါတယ်။

အဲ့လိုအခြေအနေမျိုးမှာ အယ်ဒီတာ ရွေးချယ်ထားတဲ့ အကောင်းဆုံး Apps တွေ အများဆုံးရောင်းရတဲ့ Apps၊ အများဆုံး ဒေါင်းလုပ်ခ် ဆွဲတဲ့ App စတာတွေကို ကြည့်ပြီး ရွေးချယ်လေ့ရှိပါတယ်။

Techradar နည်းပညာ သတင်း Website ကနေ ရွေးချယ်ထားတဲ့ သုံးစွဲသူတွေအတွက် အဆင်ပြေမယ့် အကောင်းဆုံး Android Apps တွေကို ဝေမျှချင်ပါတယ်။

Komoot

Adventure ထွက်လေ့ရှိသူဖြစ်ရင် Komoot က သင့်အတွက် သင့်တော်တဲ့ App ဖြစ်ပါတယ်။ တောင်တက်၊ စက်ဘီးစီး စတာတွေအတွက် သင့်တော်တဲ့ App ပါဘဲ။ Google Map လိုမျိုးဖြစ်ပြီး Google Map ထက်ပိုပြီး ပြည့်စုံအောင် ထုတ်လုပ်ထားတာပါ။

အားကစားလုပ်ရာမှာ အသုံးဝင်တဲ့အချက်တွေဖြစ်တဲ့ စတဲ့နေရာနဲ့ ရပ်လိုက်တဲ့နေရာ၊ Fitness Level တို့စတာတွေလည်း ပါဝင်ပါတယ်။

ကိုယ်သွားချင်တဲ့နေရာရဲ့လမ်းကြောင်းကိုလည်း ရွေးချယ်နိုင်ပြီး အချိန်ဘယ်လောက်ကြာ၊ ခရီးဘယ်လောက်ဝေးလဲဆိုတာတွေလည်း ပြနိုင်ပါတယ်။ ဘယ်လောက်ဝေးဝေးသွားခဲ့ပြီးပြီ၊ ရောက်ဖို့ဘယ်လောက်ကြာမယ်၊ တောင်တက်ရင်လည်း အမြင့်ဆုံးနေရာ၊ အနိမ့်ဆုံးနေရာတို့ကိုပါ ပြသပေးမှာဖြစ်ပါတယ်။

အဲ့ဒီအပြင် ကိုယ်သွားခဲ့တဲ့ နေရာက ဓာတ်ပုံတွေကိုလည်း App မှာ တင်ထားလို့ရပြီး သူငယ်ချင်းတွေကို Share လို့ရပါတယ်။ Komoot App က နေရာတစ်ခုတည်းဆိုရင်တော့ အခမဲ့အသုံးပြုလို့ရပြီး တစ်ကမ္ဘာလုံး အနှံ့သုံးချင်ရင်တော့ အမေရိကန်ဒေါ်လာ ၂၉.၉၉ နဲ့ ၀ယ်ယူအသုံးပြုလို့ရပါတယ်။

Drivvo

Drivvo App လေး က ကိုယ့်ကားဓာတ်ဆီ ဘယ်လောက်စားလဲဆိုတာ စောင့်ကြည့်ပေးမယ့် App ဖြစ်ပါတယ်။

ကိုယ့် ဓာတ်ဆီ ကုန်ကျစရိတ်ကဘယ်လောက်လဲ၊ ဘယ်နှစ်မိုင်သွားလို့ရလဲ၊ ပြုပြင်ထိန်းသိမ်းစရိတ်ကဘယ်လောက်လဲ အတိအကျ တွက်ပေးပြီး အသုံးစရိတ်ကို ဇယားဆွဲပေးပါတယ်။

အထူးသဖြင့် ကိုယ့်ရုံးကို ဓာတ်ဆီ ကုန်တဲ့ စရိတ်အတိအကျပြန်တင်ရတဲ့သူတွေအတွက် အသုံးဝင်တဲ့ App ပါ။ ဘယ်လောက်ဝေးဝေးသွားရလဲ၊ ဓာတ်ဆီဘယ်လောက်ကုန်လဲ၊ နောက်ဆုံး ကိုယ်ဓာတ်ဆီထည့်တဲ့ ဆိုင်က ဆီမပြည့်မပြည့်ကိုပါ မှန်းဆနိုင်အောင် ကူညီပေးပါတယ်။

ဒီ App လေးက အခမဲ့ ဖြစ်ပြီး အချက်အလက်တွေကို Cloud ထဲမှာ သိမ်းထားချင်ရင်တော့ ၁နှစ်ကို အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။