ကိုယ့်ဆီမှာ Android ဖုန်းတစ်ခုရှိနေတယ်ဆိုရင် ဖုန်းထဲကို Virus ဝင်ရောက်တာထက် ကိုယ့်ဖုန်းထဲမှာရှိတဲ့ Privacy တွေကို အခိုးယူခံရနိုင်တဲ့ အခွင့်အလမ်းက ပိုပြီးများပါတယ်။ အဲ့ဒီအတွက် ကိုယ့်ရဲ့ Android ဖုန်းကို တကယ်လုံခြုံချင်တယ်ဆိုရင် Anti-Virus Apps တွေသွင်းနေမယ့်အစား အခုပြောပြသွားမယ့် Apps တွေကိုပဲ ဖုန်းထဲမှာ ဆောင်ထားလိုက်ပါ။

1. DuckDuckGo Privacy Browser

စမတ်ဖုန်းတွေကို အသုံးပြုပြီဆိုတာနဲ့ အင်တာနက် Web Browsing မဖြစ်မနေ အသုံးပြုလာရတာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်အင်တာနက်မှာ ရှာဖွေသမျှကို ဖုန်းကနေ မှတ်သားမိနေတာမျိုးမဖြစ်ရအောင် အခု Browser က ကျိန်းသေသုံးစွဲသင့်ပါတယ်။ ကိုယ် Browse လုပ်သွားသမျှ Webpage တွေက လုံးဝကို ပြန်လိုက်လို့မရအောင် လုံခြုံနေမှာပါ။

2. Find My Device by Google

ဒါကတော့ ယခင်က Google Android Device Manager ကနေ ပြောင်းလဲလာတဲ့ Application ဖြစ်ပြီးတော့ တကယ်လို့ ကိုယ့်ဖုန်းမတော်တဆပျောက်သွားမယ်ဆိုရင်တောင်မှ ပြန်လည်ရှာဖွေပြီးတော့ Lock လုပ်နိုင်၊ Data တွေကို Format ချနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။

3. GlassWire

ဒီ Application ကတော့ စမတ်ဖုန်းတိုင်းမှာ ထည့်သွင်းထားသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့် Mobile Data နဲ့ အင်တာနက် သုံးတာပဲဖြစ်ဖြစ်၊ Wi-Fi နဲ့ အင်တာနက်သုံးတာပဲဖြစ်ဖြစ် ဘယ် App က Data ကို ဘယ်လောက်အသုံးပြုထားသလဲ? Upload ပြုလုပ်ထားတဲ့ ပမာဏ နဲ့ Download ပြုလုပ်ထားတဲ့ ပမာဏက ဘယ်လောက်လဲ? ဘယ်အချိန်မှာ Data ကို အသုံးပြုမှုအများဆုံးလဲ ဆိုတာတွေကို အသေးစိတ်ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

4. LastPass

လူတိုင်းလူတိုင်း အခုဆိုရင် Account တစ်ခုနဲ့မက အသုံးပြုနေကြတာပဲဖြစ်ပါတယ်။ Facebook ၊ Twitter ၊ Instagram ၊ Gmail စသဖြင့် Account တိုင်းအတွက် Password တွေကို မှတ်သားနေရတာက တခါတလေမှာ မေ့သွားနိုင်ပါတယ်။ အဲ့ဒီလိုဆိုပြီး Account တိုင်းကို Password တစ်ခုထဲ လုပ်ထားလို့ မရတဲ့အချိန်မှာ အခု LastPass App က အသုံးဝင်မှာပါ။ သူကတော့ Social Media Account တွေအားလုံးရဲ့ Password တွေကို Encrypt လုပ်ပြီး လုံခြုံအောင် သိမ်းဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။

5. ProtonVPN

နောက်ဆုံးသင့်ဖုန်းထဲမှာ ထည့်သွင်းထားသင့်တဲ့ Application ကတော့ VPN ပဲဖြစ်ပါတယ်။ VPN ဟာ သင့်ရဲ့ IP Address ကို တခြားသော နိုင်ငံနေရာတစ်ခုဆီကိုပြောင်းလဲပေးတဲ့ Application တစ်ခုဖြစ်ပြီးတော့ Sensitive ဖြစ်တဲ့ Web Browsing ပြုလုပ်နေတာ ဒါမှမဟုတ် Google Play Store ကနေ Country Limited ဖြစ်နေတဲ့ App တစ်ခုကို Download ပြုလုပ်ချင်တယ်ဆိုရင် VPN က အသုံးဝင်တဲ့ App တစ်ခုဖြစ်နေမှာပါ။