လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း Cryptocurrency ဈေးကွက်ဟာ ကြီးမားတဲ့တိုးတက်မှု ဖြစ်ပေါ်လာတာကို တွေ့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၂ ခုနှစ်မှာလည်း ဒီဈေးကွက်ဟာ နောက်ထပ်အဆင့်တွေဆီ မြင့်တက်သွားအောင်လို့ တိုးချဲ့သွားမဲ့လက္ခဏာတွေကိုပဲ ပြသနေတာကို တွေ့မြင်နေရပါတယ်။

Crypto ရင်းနှီးမြှုပ်နှံသူတွေအတွက် ရွေးချယ်စရာထောင်ပေါင်းများစွာရှိနေပါတယ်။ ဒီထဲကမှ ၂၀၂၂ ခုနှစ်အတွင်း ရေတိုရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးအဖြစ်သတ်မှတ်ပြီး ဦးစားပေးရွေးချယ်သင့်တဲ့ ထိပ်တန်း Cryptocurrencies အချို့ကို Marca က ဖော်ပြထားတာတွေ့ရပါတယ်။

Bitcoin
Bitcoin ဟာ ၂၀၀၉ ခုနှစ်မှာ ပြန်လည်စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာလည်း ရှေ့ကိုလျင်လျင်မြန်မြန်နဲ့ ချီတက်နေတဲ့လက္ခဏာကို ပြသနေပါတယ်။ Bitcoin ရဲ့ တန်ဖိုးအနိမ့်အမြင့်ပြောင်းလဲမှုဟာ အခြားဈေးကွက်အပေါ်မှာ သိသိသာသာသက်ရောက်မှုရှိနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းလှုပ်ရှားမှုက ယှဉ်ပြိုင်မှုအချို့မှာ အကြီးမားဆုံး Cryptocurrency ဖြစ်နေဆဲပါပဲ။ အကောင်းဆုံး Cryptocurrencies တွေထဲက တစ်ခုဖြစ်ကြောင်း သက်သေပြနေနိုင်ပြီး ဒီနှစ်ထဲမှာလည်း အမြင့်ဆုံးအနေအထားသစ်တစ်ခုဆီရောက်လာနိုင်တယ်လို့ သတ်မှတ်ထားခြင်းခံနေရဆဲ ဖြစ်ပါတယ်။

Ethereum
Ethereum ကလည်း လူသိများပြီး ထင်ပေါ်ကျော်ကြားတဲ့ Cryptoucrrency ဖြစ်ပါတယ်။ ဈေးကွက်တန်ဖိုးအရ ဒုတိယ အကြီးမားဆုံး ဒစ်ဂျစ်တယ်ငွေကြေးပါပဲ။ Ethereum 2.0 ကိုစတင်ဖွင့်လှစ်နိုင်ဖို့ အရာအားလုံးကလည်း အဆင်သင့်ဖြစ်နေပါပြီ။ ဒါကြောင့် သူ့ရဲ့ငွေပေးငွေယူအမြန်နှုန်းနဲ့သက်ဆိုင်တဲ့ လက်ရှိရင်ဆိုင်နေရတဲ့ Ethereum ရဲ့ အကြီးမားဆုံးပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။

Binance Coin
Binance Coin ကို ၂၀၁၇ ခုနှစ်မှာ Binance Exchange က ဖြန့်ချိခဲ့ပါတယ်။ ဒီ Cryptocurrency ကို BNB သင်္ကေတနဲ့ ကုန်သွယ်မှုပြုတာက ထင်ရှားပါတယ်။ ဒါဟာ Binance chain ရဲ့ အဓိကအရင်းခံဖြစ်လာပြီး ၂၀၂၂ ခုနှစ်ထဲမှာ နောက်ထပ် အမြင့်သစ်တစ်ခုဆီရောက်ရှိမယ်လို့ မျှော်လင့်ထားခြင်းခံရတာ ဖြစ်ပါတယ်။

Polkadot
Polkadot ဟာ အမျိုးမျိုးသော Blockchains တွေကို ချိတ်ဆက်ပေးနိုင်တဲ့ Unique cryptocurrency အဖြစ်တည်ရှိနေပြီး ချိတ်ဆက်မှုနဲ့အတူတကွလုပ်ဆောင်နိုင်တာကြောင့် ထူးခြားနေပါတယ်။ ဒီအတွက် အခြားသော Blockchains တွေနဲ့ အပြန်အလှန်လုပ်ဆောင်နိုင်စွမ်းကို ဖန်တီးပေးနေပါတယ်။ DOT ကို ၂၀၂၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီးကတည်းက ဆက်တိုက်ဆိုသလို အထင်ကြီးလောက်တဲ့ တိုးတက်မှုကို ခံစားခဲ့ရပြီး ဒီနှစ်ထဲမှာလည်း သူ့ရဲ့တိုးတက်မှုကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဖွယ်ရှိနေပါတယ်။

Dogecoin
Dogecoin ကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ စကတည်းက ထင်ပေါ်ကျော်ကြားတဲ့အနေအထားဖြစ်ပြီး ဒီနေ့မှာလည်း Loyal fanbase နဲ့အတူ ဈေးကွက်တစ်ခုလုံးရဲ့ ထိပ်တန်း Cryptocurrencies တွေထဲမှာ တည်ဆောက်ထားနိုင်ဆဲဖြစ်ပါတယ်။ သူ့ကို ငွေပေးချေမှုပုံစံအဖြစ် အဓိကကုမ္ပဏီကြီးတွေက လက်ခံထားဆဲဖြစ်ပါတယ်။ ဥပမာအားဖြင့် Dallas Mavericks, Kronos နဲ့ SpaceX ကိုညွှန်းဆိုရပါလိမ့်မယ်။

Ref: Marca