အခုအချိန်မှာ ခတ္တစိတ်သက်သာဖို့အတွက် စမတ်ဖုန်းနဲ့ Game ဆော့ကစားမယ်ဆိုရင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီး တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ Mobile Game တွေကို ရှောင်ပြီး ဆော့ကစားသင့်ပါတယ်။ ဒီလိုမျိုး ရှောင်ပြီး ကစားနိုင်ဖို့အတွက် တရုတ်နိုင်ငံကနေ ထုတ်လုပ်ထားတာမဟုတ်တဲ့ Mobile Game ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(1) Call of Duty Mobile

Call of Duty Mobile သို့မဟုတ် COD Mobile ကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဆော့ကစားသူများပြားနေပြီးသား Game တစ်ခုဖြစ်ပါတယ်။ US ကုမ္ပဏီဖြစ်တဲ့ Activision ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး Mobile Shooter Game တွေထဲမှာ Graphic အကောင်းဆုံး Game တစ်ခုလည်းဖြစ်ပါတယ်။ အထူးသဖြင့် PUBG Game ကို ဆော့ကစားနေကြသူတွေအတွက် ပြောင်းလဲပြီး ဆော့ကစားသင့်တဲ့ Game လို့ပြောနိုင်ပါတယ်။

(2) Free Fire

Free Fire ကတော့ PUBG Mobile နဲ့ ဆင်တူတဲ့ Battle Royale Game အမျိုးအစားဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်းမှာ ဆော့ကစားသူအတော်အသင့်ရှိနေပြီဖြစ်ပါတယ်။ Free Fire ကို Singapore နိုင်ငံအခြေစိုက် Sea Ltd. ကုမ္ပဏီကနေ ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် တကယ်လို့ COD Mobile ထက်ပိုပြီး ဆော့ကစားတာ ပျော်ဖို့ကောင်းတဲ့ Battle Royale Game ကို ရှာနေတယ်ဆိုရင် Free Fire က ပိုသင့်တော်မှာပါ။

(3) Fortnite

Epic Games ကနေ ထုတ်လုပ်ထားတဲ့ Fortnite ဟာ ဆိုရင်လက်ရှိ PC နဲ့ Console စျေးကွက်ထဲမှာ ဆော့ကစားသူအများဆုံး Game တစ်ခုအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ Season အသစ်တိုင်းမှာ စိတ်ဝင်စားဖွယ် Battlepass တွေ၊ Event တွေကို အမြဲပြုလုပ်ပေးနေတာကြောင့် လုံးဝပျင်းဖို့ကောင်းနေမှာမဟုတ်ပါဘူး။ Fortnite ဟာ အကောင်းဆုံး Battle Royale Game တစ်ခုဖြစ်ပေမယ့် ဆော့ကစားဖို့အတွက် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းရှိဖို့လိုအပ်သလို တခြားသော PC နဲ့ Console Player တွေနဲ့အတူ ဆော့ကစားရတာဖြစ်တဲ့အတွက် အပေါ်က Game ၂ မျိုးထက် ပိုပြီး ခက်ခဲနိုင်ပါတယ်။

(4) Clash of Clans

တကယ်လို့ သင်က လွန်ခဲ့တဲ့ ၃၊ ၄ နှစ်တုန်းက စမတ်ဖုန်းနဲ့ Game ဆော့ဖူးတယ်ဆိုရင် ဒီ Finland နိုင်ငံအခြေစိုက် Supercell ရဲ့ Clash of Clans Game ကို ကျိန်းသေမှတ်မိနေမှာပါ။ အခုအချိန်မှာ Supercell ကနေ Builder Village ၊ Townhall Level 12 ၊ Hero အသစ်တွေကို ဆက်တိုက်ထည့်သွင်းနေတဲ့အတွက် တကယ်လို့ အရင်တုန်းက Clash of Clans Account အဟောင်းရှိနေသေးတယ်ဆိုရင် အခုအချိန်က ပြန်ဆော့ကစားလို့ အကောင်းဆုံးဖြစ်မှာပါ။

(5) Subway Surfers

တစ်ယောက်ထဲရှိနေတဲ့အချိန် သို့မဟုတ် အင်တာနက်သုံးမရတဲ့အချိန်တွေမှာ အကောင်းဆုံးအချိန်ဖြုန်းလို့ကောင်းတဲ့ Game ကိုပြောပါဆိုရင် ဒီ Subway Surfers ကလည်း မပါမဖြစ်ပါ။ Denmark အခြေစိုက် Kiloo နဲ့ SYBO Games ကုမ္ပဏီ ၂ ခုကနေ တွဲဖက်ထုတ်လုပ်ထားတဲ့ ဒီ Subway Surfers Game က အခုအချိန်အထိ အချိန်ကုန်မှန်းမသိတဲ့အထိကို ဆော့လို့ကောင်းတဲ့ Game တစ်ခုဖြစ်နေဆဲပါ။

အခုပြောသွားတဲ့ Game တွေကတော့ လက်ရှိ China ကို Boycott ချင်ပြီး တခါတလေ စိတ်သက်သာဖို့ ဖုန်းမှာ ဘာ Game ဆော့ရမလဲဆိုတဲ့သူတွေအတွက် အနည်းငယ်အထောက်အကူဖြစ်မယ်လို့ ယူဆမိပါတယ်။

Ref – Republic World