Frontier Justice – Return to the Wild West

Frontier- Justice – Return to the Wild West ဟာ နာမည်အတိုင်းပဲ Wild West Theme နဲ့ထုတ်ပိုးထားတဲ့ Building Sim မိုဘိုင်းဂိမ်းတစ်ခုပါပဲ။ ကစားသမားတွေဟာ ထုံးစံအတိုင်း အဆောက်အဦတွေဆောက်ရမယ်၊ အခြား ကစားသမားတွေနဲ့ တွဲဖက်ရမယ့် အပိုင်းတွေ ရှိမယ်။ Town Building စတိုင်က ဒီဂိမ်းရဲ့ အဓိကဖြစ်ပေမယ့် စိတ်ဝင်စားစရာ Feature လေးတွေလည်းပါမှာပါ။ အမဲလိုက်တာ၊ မြင်းမွေးမြူတာ၊ မြို့ထဲကလူတွေကို စိန်ခေါ်တာနဲ့ ဝရမ်းပြေးဖမ်းတာ လိုမျိုးတွေပေါ့။ Town Building Sim ဂိမ်းတွေ ကြိုက်တဲ့သူတွေအတွက် အသစ်စမ်းသပ်စရာ Free-to-Play ဂိမ်းသစ်လေးပါ။

Virtual Sim Story: Dream Life

နာမည်ကိုမြင်တာနဲ့ Life Simulator အမျိုးအစား The Sims ဆန်ဆန် ဂိမ်းဆိုတာ သိမှာဖြစ်ပေမယ့် ဆန်းသစ်တဲ့ Feature အနည်းငယ်တော့ ပါပါတယ်။ ဒီထဲမှာ သင်ဟာ အဝတ်အစားတွေ ဝယ်ယူတာ၊ အိမ်မွေးတိရစ္ဆာန်မွေးတာနဲ့ အခြား Sim ဂိမ်းတွေမှာပါတဲ့ Gameplay အများစုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Story Mode လည်း ပါဝင်ပြီး ပုံမှန်အတိုင်း ဆော့ကစားနေတဲ့ပုံစံကနေ အခြားကစားသမားတွေနဲ့ ဆက်ဆံရတာလို Feature လေးတွေလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီဂိမ်းဟာ အခမဲ့ဖြစ်ပေမယ့် In-game Purchase ပါမှာဖြစ်ပြီး အရမ်းထူးခြားဆန်းသစ်နေတာမျိုးတော့ တွေ့ရမှာမဟုတ်ပါဘူး။

Action Blocks

ဒီ App ဟာ Google က ထုတ်တဲ့ App အသစ်ဖြစ်ပြီး Google Assistant သုံးစွဲသူတွေအတွက် Add-on လည်း ဖြစ်ပါတယ်။ သူက စမတ်ဖုန်းမှာ အသုံးများတဲ့ Command တွေကို Screen ပေါ်မှာ Icon လေးတွေနဲ့ မှတ်ထားနိုင်စေမှာဖြစ်ပြီး App တစ်ခုချင်းစီ ဖွင့်ရမယ့်အစား တစ်ခါတည်း နှိပ်လိုက်ရုံနဲ့ ကိစ္စပြီးသွားအောင် ကူညီပေးမှာပါ။ အဓိကကတော့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းနဲ့ ကိုယ်လက်အင်္ဂါချို့တဲ့သူတွေကို ကူညီပေးဖို့ဖြစ်ပေမယ့် အလွယ်ကြိုက်တဲ့သူတွေလည်း အသုံးပြုနိုင်ပါတယ်။ အခုမှ စထွက်လာတာမို့ Bug တွေတော့ ရှိနိုင်ပါတယ်။

Danganronpa: Trigger Happy Havoc Anniversary Edition

ဒီဂိမ်းကတော့ အခမဲ့မဟုတ်ပါဘူး။ Trigger Happy Havoc ဟာ နာမည်ကျော် ဂိမ်း / Anime စီးရီးတစ်ခုဖြစ်တဲ့ Danganronpa ရဲ့ ပထမဆုံးဂိမ်းဖြစ်ပြီး နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ မူရင်းဂိမ်းကို မိုဘိုင်းပလက်ဖောင်းပေါ်သို့ အပြည့်အဝ ပို့ဆောင်လာတာဖြစ်ပါတယ်။ Danganronpa ဆိုတာကတော့ Mystery, Thriller အမျိုးအစား Visual Novel စီးရီး တစ်ခုဖြစ်ပြီး စာသင်ခန်းထဲမှာ ပိတ်မိနေတဲ့ အထက်တန်းကျောင်းသားတစ်စုအတွက် လွတ်မြောက်ဖို့ဆိုတာ သူတို့ရဲ့ အတန်းဖော်တစ်ဦးကိုသတ်ပြီး ဂိမ်းကို အောင်မြင်စေရမယ်ဆိုတဲ့ ဇာတ်အိမ်အပေါ် အခြေခံထားပါတယ်။ ဒီဂိမ်းဟာ $17.99 ကျသင့်တာကြောင့် မိုဘိုင်းစံနှုန်းနဲ့ဆိုရင် အနည်းငယ်များတယ်လို့ ဆိုနိုင်ပေမယ့် ဝယ်ပြီးတာနဲ့ In-game Purchases တွေ ဘာမှမပါတော့ဘဲ အစအဆုံး ဆော့ကစားနိုင်မှာပါ။

Ref – AndroidAuthority