အခုအချိန်မှာ ကိုယ့်ရဲ့ Social Media Account တွေရဲ့ လုံခြုံရေးကလည်း အရေးကြီးတဲ့နေရာမှာပါဝင်လာပါပြီ။ အနည်းဆုံး လူတစ်ယောက်ကို Social Media နဲ့ တခြား Login ဝင်ရတဲ့ Banking App တွေလိုမျိုး အများအပြားရှိနေတဲ့အချိန်မှာ အကုန်လုံးအတွက် Password ကို တစ်မျိုးပဲထားထားတာက လုံခြုံရေးအားနည်းစေမှာပါ။ အဲ့ဒီအတွက် ကိုယ့်ရဲ့ Account Password တွေနဲ့ Login Information တွေကို လုံလုံခြုံခြုံသိမ်းထားနိုင်မယ့် Password Manager တွေကို အသုံးပြုဖို့ လိုအပ်လာပါတယ်။

အခု Article မှာတော့ လက်ရှိမှာ နာမည်ကြီး Password Manager တွေထဲက အကောင်းဆုံးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ တစ်ခုရှိတာက တချို့သော Password Manager တွေက အခမဲ့အသုံးပြုနိုင်တယ်ဆိုပေမယ့် လုပ်ငန်းသုံးအထိ အသုံးပြုမယ်ဆိုရင် လစဥ်ကြေးနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်အနေနဲ့ တကယ်ကို လုံခြုံရေးဂရုစိုက်ဖို့လိုအပ်တဲ့ User Account တွေရှိနေတယ်ဆိုမှပဲ Password Manager တွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်။

LastPass

LastPass ကတော့ လက်ရှိအချိန်မှာ အကောင်းဆုံး Password Manager တစ်ခုဆိုတာကိုတော့ ငြင်းမရပါဘူး။ LastPass ရဲ့ အားသာချက်ကတော့ Windows ၊ macOS ၊ Linux ၊ Android ၊ iOS တွေအပြင် Browser အများအပြားမှာလည်း Extension အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ LastPass ကို တစ်လ ၃ ဒေါ်လာခန့်ပေးပြီး Premium Version အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Premium Version မှာတော့ 1GB Encrypted File Storage ၊ Tech Support အပြင် တခြားသောလုံခြုံရေးပိုင်းဆိုင်ရာ Feature တွေပါ ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုယ်က Password တွေနဲ့ Login Information တွေကို လုံခြုံစွာသိမ်းထားချင်ရုံပဲဆိုရင်တော့ အခမဲ့အသုံးပြုတာကလည်း အဆင်ပြေမှာဖြစ်ပါတယ်။ Autofill Feature လည်းပါဝင်တဲ့အတွက် LastPass ကို ထည့်သွင်းထားတဲ့ Device တွေမှာ User Information ကို အလိုအလျောက်ဖြည့်သွားပေးမှာပါ။

1Password

တကယ်လို့ ကိုယ်က Security ပိုင်းပိုပြီး အဆင့်မြင့်တဲ့ Feature တွေလည်း ပိုပြီးစုံလင်တဲ့ Password Manager တစ်ခုကိုရှာနေတယ်ဆိုရင်တော့ 1Password ကိုပဲ ညွှန်းရမှာဖြစ်ပါတယ်။ 1Password ရဲ့ အားနည်းချက်က အခမဲ့အသုံးပြုနိုင်မှာမဟုတ်တဲ့အတွက် တစ်လကို ၃.၉၉ ဒေါ်လာပေးသွင်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် 1Password မှာ 1GB Document Storage ၊ Optional Two Factor Authentication Feature တွေပါဝင်ပြီးတော့ ခရီးသွားလာတဲ့အချိန်မှာ ကိုယ့်ရဲ့ အရေးကြီး Login Information တွေကို ကြည့်ရှုလို့မရအောင် Lock ချထားနိုင်တဲ့ Travel Mode လည်းပါဝင်မှာဖြစ်ပါတယ်။

နောက်ထပ်လည်း Apple Device တွေအတွက် Touch ID နဲ့ Face ID ကိုလည်း Support ပေးထားပြီးတော့ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေအတွက်ပါ Guest Account ၅ ခုအထိ ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ Account တစ်ခုစီမှာ ကိုယ်ပိုင် Vault အနေနဲ့ အသုံးပြုနိုင်တဲ့အတွက် လုံခြုံရေးပိုင်းမှာ စိတ်ချရမှာပါ။

Bitwarden

Bitwarden ဟာလည်း အခမဲ့အသုံးပြုနိုင်သလို ဝယ်ယူအသုံးပြုမယ်ဆိုရင်လည်း ကိုယ်အသုံးပြုမယ့်ပုံစံပေါ်မှုတည်ပြီး တစ်လကို ၃ ဒေါ်လာကနေ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ LastPass လိုမျိုးပဲ ပုံမှန် Password Manager အနေနဲ့ အသုံးပြုမှုတွေအတွက်ကတော့ အခမဲ့အသုံးပြုတာကလည်း လုံလောက်တဲ့ Feature တွေပါဝင်သလို User ၂ ဦးအထိ ခွဲထားနိုင်မှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Google မှာ Google Autofill နဲ့ Password Feature ပါဝင်သလို တခြား Apple ၊ Microsoft တို့လို ကုမ္ပဏီတွေကလည်း သီးသန့် Password Manager နဲ့ Autofill Service တွေကို Support ပေးထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီး လုံခြုံချင်တယ်ဆိုရင်တော့ အခုပြောသွားတဲ့ Password Manager တွေကို ကျိန်းသေစဥ်းစားသင့်ပါတယ်။

Ref – CNET