VPN ဟာ လက်ရှိအချိန်မှာ အင်တာနက်ကို ချိတ်ဆက်အသုံးပြုလိုက်တာနဲ့ ကျိန်းသေလိုအပ်လာတဲ့ Software တစ်ခုဖြစ်လာပါပြီ။ ပုံမှန်အားဖြင့် Android နဲ့ iOS Device တွေအတွက် VPN App တွေကို အလွယ်တကူရှာဖွေနိုင်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ ကွန်ပျူတာမှာပါ အသုံးပြုဖို့ လိုအပ်လာပြီဆိုရင်တော့ စိတ်ချရတဲ့ VPN တွေကို ရှာဖွေဖို့ခက်ခဲလာပါတယ်။

အဲ့ဒီအတွက် အခု Article မှာတော့ Windows ပဲဖြစ်ဖြစ် macOS ပဲဖြစ်ဖြစ် ကွန်ပျူတာအားလုံးမှာ အသုံးပြုနိုင်တဲ့ အကောင်းဆုံး VPN တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ တစ်ခုရှိတာကတေ့ာ တချို့သော VPN Service တွေဟာ လစဥ်ကြေးပေးရဖို့လိုပြီး အခမဲ့အသုံးပြုနိုင်တဲ့ Service အချို့ကိုလည်း ထည့်သွင်းပေးသွားမှာပါ။

(1) ExpressVPN

ထုံးစံအတိုင်း နံပါတ် (၁) နေရာကိုတော့ လက်ရှိ Mobile မှာလည်း အကောင်းဆုံးနေရာမှာရှိနေတဲ့ ExpressVPN ကိုပဲ ညွှန်းရမှာဖြစ်ပါတယ်။ Windows နဲ့ macOS တင်မဟုတ်ဘဲ Linux အသုံးပြုနေတယ်ဆိုရင်တောင်မှ အသုံးပြုနိုင်သလို ချိတ်ဆက်ရတာလည်း အလွန်လွယ်ကူပါတယ်။ ExpressVPN ထုံးစံအတိုင်း Server Location ပေါင်း ၁၆၀ ကျော်နဲ့ Server ပေါင်း ၃၀၀၀ ကျော်ရှိနေတဲ့အတွက် ချိတ်ဆက်မရမှာ၊ Connection ကျမှာကို လုံးဝစိတ်ပူဖို့ မလိုအပ်ပါဘူး။

ExpressVPN ဟာ အားနည်းချက်အနေနဲ့ကတော့ အခမဲ့အသုံးပြုနိုင်မှာမဟုတ်ဘဲ လစဥ်ကြေးနဲ့ပဲ ဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝယ်ယူလိုက်တာနဲ့ Device ၅ ခုအထိ တပြိုင်တည်းအသုံးပြုနိုင်တာကြောင့် မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့ပါ မျှဝေသုံးစွဲနိုင်မှာဖြစ်ပါတယ်။

(2) Nord VPN

ဒုတိယနေရာမှာလည်း အခကြေးငွေပေးဖို့လိုအပ်တဲ့ Nord VPN က နေရာယူထားပါတယ်။ ExpressVPN လိုမျိုးပဲ Nord VPN ဟာ Windows ၊ macOS နဲ့ Linux OS တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပြီး ချိတ်ဆက်မှုကလည်း အထိုက်အလျောက် လွယ်ကူပါတယ်။ Server အရေအတွက်အနေနဲ့ ၅၄၀၀ ကျော်ရှိနေပေမယ့် ရွေးချယ်နိုင်တဲ့ Server Location မှာတော့ ၈၀ ကျော်ပဲရှိတဲ့အတွက် ExpressVPN လောက်တော့ နေရာအများအပြားရွေးချယ်ချိတ်ဆက်နိုင်မှာမဟုတ်ပါဘူး။

NordVPN ဟာ အားသာချက်အနေနဲ့ Double VPN Feature ပါဝင်ပြီးတော့ ကိုယ့်ရဲ့ Data ကို VPN Server ၂ ခုကနေ ချိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါက လုံခြုံရေးကို အဓိကထားတဲ့သူတွေအတွက် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။ အားနည်းချက်အနေနဲ့ကတော့ Free အသုံးပြုနိုင်မှာမဟုတ်ပေမယ့် ဝယ်ယူမယ်ဆိုရင်တော့ တချိန်ထဲမှာ Device ၆ ခုအထိ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(3) ProtonVPN

တတိယနေရာမှာတော့ ပထမဆုံးအနေနဲ့ အခမဲ့အသုံးပြုနိုင်တဲ့ ProtonVPN ကို ညွှန်းရမှာဖြစ်ပါတယ်။ Windows ၊ macOS နဲ့ Linux OS တွေမှာ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပြီး တခြားသော Free VPN တွေထက် အားသာတာကတော့ Data Limit မရှိတဲ့အတွက် စိတ်ကြိုက်အသုံးပြုနိင်မှာဖြစ်ပါတယ်။ နောက်ထပ်လည်း ProtonVPN က အခမဲ့အသုံးပြုသူတွေရဲ့ အသုံးပြုမှုတွေကို သိမ်းဆည်းထားမှာမဟုတ်ဘူးလို့ အာမခံထားတဲ့အတွက် လုံခြုရေးပိုင်းမှာ အသင့်အတင့်ရှိတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း Free VPN ဖြစ်တဲ့အတွက် အားနည်းချက်တွေကတော့ အနည်းငယ်ရှိပါသေးတယ်။ ဒါတွေကတော့ နိုင်ငံကို US ၊ Japan နဲ့ Netherland ဆိုပြီး ၃ နိုင်ငံပဲရွေးချယ်နိုင်မှာဖြစ်သလို Account တစ်ခုကို Device တစ်ခုပဲ အသုံးပြုနိုင်မှာပါ။ ရွေးချယ်နိုင်တဲ့ Location နည်းပါးတဲ့အတွက် တစ်ခါတလေမှာ Connection Speed နှေးကွေးတာမျိုးကိုလည်း ကြုံတွေ့နိုင်ပါတယ်။

ProtonVPN ဟာ အခမဲ့အနေနဲ့ကတော့ သုံးပျော်တဲ့ VPN တစ်ခုဖြစ်ပြီး တကယ်လို့ ဝယ်ယူမယ်ဆိုရင်လည်း Server Location ၅၅ နိုင်ငံနဲ့ Account တစ်ခုကို Device ၁၀ ခုအထိ Support ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် Paid VPN အနေနဲ့ကတော့ ExpressVPN နဲ့ Nord VPN တို့ကို မယှဥ်နိုင်တဲ့အတွက် အခမဲ့ Option တစ်ခုအနေနဲ့ပဲ Recommend ပေးရမှာပါ။

(4) Hotspot Shield

နံပါတ် (၄) နေရာမှာတော့ Hotspot Shield VPN က နေရာယူထားပြီး တခြား VPN တွေကနေကွဲထွက်နေတာကတော့ Free VPN အနေနဲ့ရော Paid VPN အနေနဲ့ပါ အသုံးပြုလို့ကောင်းတဲ့ VPN တစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ Connection Speed တစ်ခုထဲကို ကြည့်မယ်ဆိုရင် တခြားသော ထိပ်တန်း VPN တွေထက်တောင် မြန်ဆန်တဲ့အတွက် Privacy ထက် Speed မြန်ဖို့အဓိကလိုအပ်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ VPN တစ်ခုဖြစ်ပါတယ်။

အရင်ဆုံး အခမဲ့အသုံးပြုမယ်ဆိုရင် Windows နဲ့ macOS တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး Server Location ကိုတော့ တစ်ခုပဲ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ် အားနည်းချက်ကတော့ တစ်ရက်ကို 500MB ပဲ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ပုံမှန် Web Browsing အတွက်ပဲ Recommend ပေးနိုင်ပြီးတော့ Video Streaming တော့ ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။

တကယ်လို့ အခကြေးငွေပေးပြီး Paid Version ကို အသုံးပြုမယ်ဆိုရင်တော့ Server Location ၁၁၀ ကျော်နဲ့ Server ပေါင်း ၁၈၀၀ ကျော်ရှိတဲ့အတွက် အသုံးပြုရတာ ပိုပြီး သိသိသာသာမြန်ဆက်မှာဖစ်ပါတယ်။ Hotspot Shield Paid VPN ရဲ့ အားသာချက်တစ်ခုက တကယ်လို့ ချိတ်ထားတဲ့ Wi-Fi Network ကို စိတ်မချရဘူးလို့ ယူဆတယ်ဆိုရင် အလိုအလျောက် VPN နဲ့ပဲ ချိတ်ဆက်နိုင်တဲ့ Feature လည်းပါဝင်တာဖြစ်ပါတယ်။ Account တစ်ခုကို Device ၅ ခုအထိ အသုံးပြုနိုင်တာကလည်း အဆင်ပြေတဲ့အချက်တစ်ခုဖြစ်ပါတယ်။

(5) Windscribe

Windscribe VPN ဟာလည်း Hotspot Shield လိုမျိုးပဲ Free VPN အနေနဲ့တင်မဟုတ်ဘဲ Paid VPN အနေနဲ့ပါ Recommend ပေးလို့ရတဲ့ VPN Service တစ်ခုဖြစ်ပါတယ်။ Free အနေနဲ့ပဲ အသုံးပြုမယ်ဆိုရင်တောင် Server Location ၁၁ နိုင်ငံအထိ ရွေးချယ်နိုင်တဲ့အတွက် Location တစ်ခုထဲနဲ့ မချိတ်ဆက်ချင်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။ Free အနေနဲ့ပုံမှန် တစ်လကို 2GB ပဲ အသုံးပြုနိုင်မှာဖြစ်ပေမယ့် တကယ်လို့ Email Subscribe ပြုလုပ်ထားတယ်ဆိုရင် 10GB အထိ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ပုံမှန်အသုံးပြုမှုတွေအတွက် လုံလောက်မှာဖြစ်ပါတယ်။

တကယ်လို့ အခကြေးငွေပေးပြီး ဝယ်ယူမယ်ဆိုရင်တော့ ပုံမှန်အနေနဲ့ Server Location ကို ၆၃ နိုင်ငံအထိရရှိမှာဖြစ်ပြီးတော့ Data Unlimited လည်းရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် Server Location ကို ၆၃ နိုင်ငံအထိ အသုံးပြုဖို့မလိုဘူးဆိုရင် Location တစ်ခုကို တစ်လ 1$ ပဲကျသင့်မယ့် Build Your Own Plan နဲ့လည်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ်က Server Location ၁ ခုကိုပဲ အမြဲချိတ်ဆက်ပြီး Data Unlimited နဲ့အသုံးပြုချင်တယ်ဆိုရင် ပုံမှန် Premium Subscription ဖြစ်တဲ့ တစ်လကို $9 ထက် ၉ ပုံ ၁ ပုံပဲ ကျသင့်မယ့် $1 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါက တခြားသော Paid VPN တွေထက် အများကြီးပိုအားသာနေပါတယ်။

Windscribe VPN ဟာ PC အတွက် Software သီးသန့်ထည့်သွင်းအသုံးပြုနိုင်သလို Chrome VPN Extension အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Ad-blocker ၊ Malware Protection နဲ့ ကိုယ်ပိုင် Firewall တွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် လုံခြုံရေးပိုင်းမှာလည်း အဆင့်မြင့်မားတယ်လို့ သတ်မှတ်နိုင်ပါတယ်။

အခုပြောသွားတဲ့ VPN Software တွေကတော့ လက်ရှိမှာ ကွန်ပျူတာနဲ့ချိတ်ဆက်အသုံးပြုမယ်ဆိုရင် အကောင်းဆုံး VPN Software တွေဖြစ်ပါတယ်။ အကုန်လုံးက အားသာချက်၊ အားနည်းချက် ကိုယ်စီရှိသလို ဝယ်ယူရမယ့်စျေးတွေလည်း မတူညီတဲ့အတွက် ကိုယ်နဲ့အဆင်ပြေမယ့် VPN ကို အခု Article ကနေတစ်ဆင့် ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Ref – Tech Rader (1) (2)