European Union (EU) Council ဟာ လောလောဆယ်မှာ Apple အပါအဝင် နည်းပညာကုမ္ပဏီတွေကို ဆက်တိုက်တွန်းအားပေးနေတာဖြစ်ပါတယ်။ အခုလည်း Apple ဟာ EU Council ရဲ့ တွန်းအားပေးမှုကြောင့် iPhone 15 Series ဖုန်းတွေမှာ Lightning Connector အစား USB-C ကို စတင်ပြောင်းလဲအသုံးပြုရတော့မှာဖြစ်ပါတယ်။

အခုလည်း EU Council ဟာ နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီး ဒါကတော့ Apple အပါအဝင် တခြားစမတ်ဖုန်းကုမ္ပဏီတွေပါ လိုက်နာရတော့မှာဖြစ်ပါတယ်။ ဒါက လာမယ့် ၂၀၂၇ ခုနှစ်က စတင်ပြီး EU အဖွဲ့ဝင်နိုင်ငံတွေမှာ ရောင်းချမယ့် စမတ်ဖုန်းတွေအကုန်လုံးက အသုံးပြုသူတွေ အလွယ်တကူလဲလှယ်နိုင်မယ့် Battery တွေ ထည့်သွင်းပေးရတော့မှာပဲဖြစ်ပါတယ်။

EU Council ရဲ့ ဆုံးဖြတ်ချက်အရ အသုံးပြုသူတွေဟာ စမတ်ဖုန်း Battery တွေကို အသေးစိတ်သိရှိနားလည်ဖို့နဲ့ သီးသန့်ထုတ်ထားတဲ့ Tool တွေကို အသုံးပြုစရာမလိုအပ်ဘဲ လဲလှယ်နိုင်ရမှာဖြစ်ပါတယ်။ ဒါက အသုံးပြုသူတွေအတွက် အားသာချက်တစ်ခုဖြစ်လာမှာပါ။

ဒါပေမယ့် တစ်ဖက်မှာတော့ Apple အပါအဝင် တခြားသော ကုမ္ပဏီတွေက ယခုလိုမျိုး EU Council ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တော်တော်လေးကြိုးစားရမှာဖြစ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး စမတ်ဖုန်းတွေကို Water & Dust Resistent Rating ရရှိစေဖို့အတွက် Unibody Design ကို အခြေခံပြီး ထုတ်လုပ်နေတာကြောင့် ၂၀၂၇ ခုနှစ်မှာ စမတ်ဖုန်းတွေက ဘယ်လို ဒီဇိုင်းဖြစ်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China