Star Wars ရုပ်ရှင်ထဲကနဲ့ တူတဲ့ လျှပ်စစ်ကားကို ဝယ်ချင်ရင်တော့ BYD က သင့် ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တော့မှာပါ။ BYD ရဲ့ Fang Cheng Bao Brand က Super 3 လျှပ်စစ်ကား Concept ကို ပြသလိုက်ပြီး ခေတ်ရှေ့ပြေး အကြမ်းခံ ဒီဇိုင်း ဖြစ်ပါတယ်။

လူစီး ဒရုန်း ဆင်းသက်နိုင်တဲ့ Landing Pad ထည့်သွင်းထားတာကလည်း ခေတ်မှီပါတယ်။ သဘောက ကားနဲ့ သွားလို့ မရတော့တဲ့ နေရာတွေမှာ ဒရုန်းနဲ့ ခရီးဆက်နိုင်မှာပါ။ အဲဒီကားကို ဒေါ်လာ ၂၈,၀၀၀ (ယွမ် ၂၀၀,၀၀၀) အောက်နဲ့ ရောင်းချမယ့်အတွက် ဈေးချိုသာပါတယ်။

BYD-interstellar-chariot

BYD ဟာ ပြီးခဲ့တဲ့ ဇွန်လက ပဌ္စမမြောက် Sub-brand အဖြစ် Fang Chang Bao Brand ကို ကြေညာခဲ့ပါတယ်။ Fang Chang Bao ဟာ အဆင့်မြင့် New Energy Vehicles (NEVs) တွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

သူ့ရဲ့ ပထမဆုံး ကားက Bao 5 ဖြစ်ပြီး နိုဝင်ဘာလက ကြေညာခဲ့ပါတယ်။ Plug-in Hybrid မော်ဒယ် ဖြစ်ပြီး ကုမ္ပဏီရဲ့ Dual Mode Off-road or DMO နည်းပညာ ပလက်ဖောင်းကနေ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

BYD က Fang Chang Bao ဟာ ရိုးရိုး ကားတွေကနေ Sports ကားတွေအထိ ကားမျိုးစုံကို ထုတ်လုပ်မယ်လို့ ပြောပါတယ်။

BYD-interstellar-chariot

Super 3 ဟာ Boa 5 နဲ့ မတူဘဲ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ကား ဖြစ်ပါတယ်။ Super 3 လျှပ်စစ်ကား Concept ကို ထုတ်လုပ်ပြီဆိုရင် Bao 3 နာမည်နဲ့ ထွက်လာနိုင်ပါတယ်။

အဲဒီကားကို Auto China 2024 မှာ ပြသခဲ့တာဖြစ်ပြီး ဒေါ်လာ ၂၇,၅၀၀ (ယွမ် ၂၀၀,၀၀၀) ဝန်းကျင်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : electrek