Huawei နဲ့ Apple တို့ဟာ စမတ်ဖုန်း လောကမှာ ပြိုင်ဖက်တွေ ဖြစ်ပေမယ့် Huawei ရဲ့ တည်ထောင်သူနဲ့ CEO Ren Zhengfei က သူဟာ Apple Fan ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

Ren Zhengfei Huawei

Ren က သူဟာ နိုင်ငံခြား Brand တွေကို မနှစ်သက်သူ မဟုတ်ကြောင်းနဲ့ Apple ကို ဆရာ ၁ ယောက်အဖြစ် ရှုမြင်ကြောင်းကို Huawei က စပွန်ဆာပေးထားတဲ့ International Collegiate Programming Contest မှာ ပြီးခဲ့တဲ့လက တက္ကသိုလ်ကျောင်းသားတွေကို ပြောကြားခဲ့တာပါ။

Ren က “ Apple ရဲ့ ထုတ်ကုန်တွေဟာ အလွန်ကောင်းတာ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ မကြာခဏ လေ့လာကြပြီး ကျွန်တော်တို့နဲ့ Apple ကြားက ကွာခြားချက်တွေကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ကို သင်ကြားဖို့နဲ့ နှိုင်းယှဉ်ဖို့ အခွင့်အရေးပေးတဲ့ ဆရာ ၁ ယောက်ရထားတာ ကျွန်တော် အလွန် ဝမ်းသာပါတယ်။ ကျွန်တော့်ကို Apple Fan လို့ ပြောနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Huawei Cloud

Ren က သူ့ သမီးဟာ အမေရိကန်မှာ ကျောင်းတက်နေစဉ်မှာ Apple ထုတ်ကုန်တွေကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ သူ ရည်ညွှန်းတာက အငယ်ဆုံး သမီး Annabel Yao ဖြစ်ပြီး ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်အထိ ဟားဗတ် တက္ကသိုလ်မှာ ပညာသင်ကြားခဲ့သူ ဖြစ်ပါတယ်။

သူဟာ ၂၀၁၉ ခုနှစ် မေလက အင်တာဗျူး ၁ ခုမှာ Apple ဟာ Privacy Protection အပိုင်းမှာ သူတို့ အတုယူရတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနှစ် အစောပိုင်းမှာလည်း သူက ဈေးနှုန်း နည်းဗျူဟာ အပိုင်းမှာ Huawei ဟာ Apple ထံကနေ သင်ယူသင့်တယ်လို့ပြောခဲ့ပါတယ်။

Ref : southchinamorningpost