အလှအပဟာ Physical အနေနဲ့ပဲ တည်ရှိတော့မှာ မဟုတ်ပါဘူး။ Metaverse တွေ ပေါ်ပေါက်လာတဲ့အတွက် Virtual ဇာတ်ကောင်တွေဟာ တကယ့်ပြင်ပက ပုံသဏ္ဍာန်အတိုင်း အရေးကြီးလာပါပြီ။ အဲဒီအတွက် Virtual အလှအပ Brand Bakeup က Disco Veiler Eye Adornment လို့ ခေါ်တဲ့ Virtual အလှအပ နည်းပညာကို ယူဆောင်လာပါတယ်။

Celebrity Brand Bakeup is Releasing Makeup NFTs & AR Filters

တစ်မူထူးခြားတဲ့ ဒစ်ဂျစ်တယ် Makeup ကို NFT , Augmented Reality , Physical ထုတ်ကုန်တွေအနေနဲ့ ဖြန့်ချိမှာ ဖြစ်ပါတယ်။ Celebrity Makeup အနုပညာရှင် Jo Baker , Recording အနုပညာရှင် Grace Gaustad တို့နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

4 Beauty Influencers On How They Feel About Instagram Filters | BEAUTY/crew

ကုမ္ပဏီက Makeup စည်းမျဉ်းတွေကို ချိုးဖျက်ဖို့ အချိန်ကျရောက်လာပြီလို့ ယုံကြည်ထားပြီး Virtual ရုပ်လွှာကို ထင်ရှားတဲ့ အရောင်တွေ၊ ထူးခြားတဲ့ Texture တွေ၊ အပျံစား ပုံသဏ္ဍာန်တွေနဲ့ အလှဆင်နိုင်မှာ ဖြစ်ပါတယ်။ Disco Veiler Eye Adornment Collection ကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိမှာ ဖြစ်ပြီး အလှပြင်နိုင်မယ့် မတူညီတဲ့ နည်းလမ်းများစွာ ပါလာမှာပါ။

Daz 3D က အမျိုးသမီးတွေအတွက် သီးသန့် ဖန်တီးထားတဲ့ Non-fungible People (NFP) Avatar Community အဖွဲ့ဝင်တွေပဲ NFT တွေ ရရှိမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် Makeup ဟာ Community အတွက် အဓိက ကျပြီး အမျိုးသမီးတွေဟာ နောက်ဆုံးပေါ် Virtual အလှအပ ဒီဇိုင်းတွေကို စုဆောင်းနိုင်၊ အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။

Ref : nftplazas