OpenAI က မေလမှာ iOS အတွက် Standalone ChatGPT App ကို ဖြန့်ချိပေးခဲ့ပြီး မကြာခင် Android အတွက် ထုတ်လုပ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ၂ လအကြာမှာ OpenAI က Android အတွက် ChatGPT App ကို နောက်တစ်ပတ်မှာ ဖြန့်ချိပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ChatGPT Android App ကို အသုံးပြုဖို့ စိတ်ဝင်စားသူတွေဟာ Google Play Store မှာ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါတယ်။ အဲဒီ App ကို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Device တွေအကြားမှာ User History ကို Sync လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ChatGPT Android App ကို ဘယ်နိုင်ငံတွေမှာ အရင်ဆုံး အသုံးပြုလို့ရမလဲ ဆိုတာ မသိရသေးပါဘူး။

ChatGPT for Android to arrive next week, pre-registrations start

OpenAI က Standalone ChatGPT App ဟာ မေးခွန်းတွေကို ဖြေဆိုနိုင်ပြီး အကြံတွေ ပေးနိုင်တယ်လို့ ပြောပါတယ်။ တီထွင်ဖန်တီးမှု ကောင်းပြီး အသက်မွေးဝမ်းကြောင်း အလုပ်တွေအတွက် အကျိုးပြုပေးနိုင်ပါတယ်။ ပညာသင်ကြားရာမှာလည်း အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။

မတူညီတဲ့ Operating System ၂ ခု ဖြစ်တဲ့အတွက် Android App နဲ့ iOS App ဟာ ကွဲပြားမှာ ဖြစ်ပါတယ်။ iOS App မှာ ရတဲ့ Siri နဲ့ Shortcuts Integration ပါလာမှာ မဟုတ်ပါဘူး။

Ref : gsmarena