လက်ရှိအချိန်မှာ Mobile Internet ချိတ်ဆက်မှုပိုင်းမှာ 5G နည်းပညာကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးမှာ ကျယ်ပြန့်စွာအသုံးပြုနိုင်ခြင်းမရှိသေးဘဲ​ အဓိကအနေနဲ့ တိုးတက်ပြီးနိုင်ငံတွေမှာပဲ အသုံးပြုနေတယ်လို့ ဆိုနိုင်ပါတယ်။

5G Network ကို အစောဆုံးအသုံးပြုနိုင်တဲ့နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံလည်း အပါအဝင်ဖြစ်ပြီး အခုလည်း တရုတ်နိုင်ငံဟာ 5G ထက်ပိုမိုမြန်ဆန်တဲ့ 6G နည်းပညာကို အစောဆုံးအသုံးပြုဖို့အထိ စီစဥ်နေပြီလို့ သိရပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွင်းရှိ တတိယအကြီးမားဆုံး Wireless Network Operator ကုမ္ပဏီဖြစ်တဲ့ China Unicom က 6G နည်းပညာနဲ့ ပတ်သက်ပြီး ပြသသွားတော့မှာပဲဖြစ်ပါတယ်။

အဆိုပါသတင်းအရ China Unicom ဟာ အစောဆုံး ၂၀၂၅ ခုနှစ်မှာ 6G Network ကို အသုံးပြုထားတဲ့ Mobile Application တွေကို စတင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ၂၀၃၀ မတိုင်ခင်မှာ 6G နည်းပညာကို အပြည့်အဝဖြန့်ကျက်ထားဖို့အထိ ရည်ရွယ်ထားတာဖြစ်ပါတယ်။

အခုလိုမျိုး ကြေညာချက်ဟာ မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ Global 6G Conference အပြီးမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ China Unicom နည်းတူ China Mobile နဲ့ China Telecom လိုမျိုး Wireless Network Operator တွေကလည်း 6G နည်းပညာအပေါ် စတင်ပြီး Research & Development (R&D) လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံဟာ တကမ္ဘာလုံးရဲ့ Mobile Network ပိုင်းမှာ ဦးဆောင်သွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China